အနည်းဆုံးတစ်ကြိမ်လောက် လူတိုင်းကြုံဖူးတဲ့ အရေပြားပြဿနာက မှိုပိုးကူးတာပါ။ မှိုပိုးကူးတဲ့အခါ သူ့ရဲ့အဓိက လက္ခဏာတစ်ခုမှာ ထိန်းမရအောင် ယားတာပါ။ မှိုပိုးကူးစက်တာက တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းတာ ၊ ပတ်ဝန်းကျင်စိုထိုင်းဆများတာ ၊ ရာသီဥတုပူတာ စတဲ့ ဘက်ပေါင်းစုံက အကြောင်းတွေကြောင့် ဖြစ်တတ်ပါတယ်။

အကြောင်းကြောင်းကြောင့် ဖြစ်တတ်တဲ့ မှိုပိုးကူးစက်တာကို ကုသနိုင်တဲ့ နည်းတွေထဲမှာ သဘာဝနည်းတွေလည်း ပါပါတယ်။

အခုပြောပြမယ့်အိမ်တွင်းကုထုံးတွေက အချိန်အတိုင်းအတာတစ်ခုအထိ စမ်းသပ်ပြီး သက်သေပြထားတဲ့ အိမ်တွင်းကုထုံးတွေဖြစ်ပေမယ့် အပျော့စားကိစ္စများအတွက်သာ သုံးသင့်ပြီး ပြင်းထန်တဲ့ကူးစက်မှုမျိုးဆိုရင်တော့ ဆေးကုသမှုခံယူဖို့ လိုအပ်ပါတယ်။

Tea Tree Oil

လက်ဖက်ပင်ဆီကို Essential Oil တခုခုနဲ့ရောပြီး မှိုစွဲတဲ့နေရာကိုလိမ်းပေးလို့ရပါတယ်။

Apple Cider Vinegar

အားကစားသမားတွေမှာ အဖြစ်များတဲ့ အရေပြားမှိုစွဲတာအတွက်ဆို ဖျော်ထားတဲ့ ပန်းသီးရှာလကာရည်က အထိရောက်ဆုံး အိမ်တွင်းကုထုံးတစ်ခုပါ။

ကြက်သွန်ဖြူ

လူတော်တော်များများမသိပေမယ့် ကြက်သွန်ဖြူကို ညက်အောင်ထောင်းပြီး မှိုစွဲထားတဲ့နေရာကို လိမ်းပေးရင်လည်း သက်သာစေပါတယ်။

ဒိန်ချဉ်

ပရိုဘိုင်အိုတစ် ကြွယ်ဝတဲ့ ဒိန်ချဉ်ကိုစားပေးရင်လည်း အကျိုးပြုဘက်တီးရီးယားတွေရဲ့ ကြီးထွားမှုကို မြှင့်တင်ပေးပါတယ်။

အုန်းဆီ

အရင်ကတည်းက ပိုးမွှားသတ်ဖို့သုံးခဲ့တဲ့ အုန်းဆီကလည်း မှိုသတ်ဆေး ဂုဏ်သတ္တိတွေ အများကြီးပါတာမလို့ မှိုစွဲနေတဲ့နေရာကို တိုက်ရိုက်လိမ်းပေးလို့ ရပါတယ်။