အလုပ်များတယ်ဆိုပြီး ကျန်းမာရေးကို ဂရုမစိုက်ပဲ မနေသင့်ပါဘူး။ ကျန်းမာမှ ပျော်ရွှင်ရမှာပါ။ အလုပ်များလို့ အချိန်မပေးနိုင်ရင်တောင် ပုံမှန်လုပ်သွားလို့ရတဲ့ အရာလေးတွေကိုတော့ လုပ်ပေးသင့်ပါတယ်။ ဒါကြောင့် အလုပ်အရမ်းများတဲ့သူတွေအတွက် ကျန်းမာတဲ့ Healthy Lifestyle ရအောင် နေနိုင်မယ့်နည်းလမ်းကို မျှဝေပေးလိုက်ပါတယ်။

အချိန်နဲ့အိပ်ရေးဝဝအိပ်ပါ

ဘယ်လောက်အလုပ်များများ တစ်နေ့ကို ၈ နာရီပြည့်အောင်တော့ အိပ်ပေးပါ။ အလုပ်လုပ်တဲ့အချိန်မှာ အလုပ်ကိုပဲ သေချာအာရုံစိုက်လုပ်ပြီး တခြားအရာတွေ ဘာမှမလုပ်ပါနဲ့။ ၁၀ နာရီလောက် နောက်ဆုံးထားပြီး အိပ်ယာဝင်နိုင်အောင်လုပ်ပါ။ စောစောအိပ် စောစောထပါ။ အိပ်ရေးဝမှ ကျန်းမာမယ်၊ အလုပ်ကောင်းကောင်းလုပ်နိုင်မယ်၊ ကိုယ်ခံအားလည်း ကောင်းနေပါမယ်။

ကျန်းမာတဲ့အစားအသောက်တွေကိုစားပါ

အပြင်စာတွေ အရမ်းစားတာမျိုး မလုပ်ပါနဲ့။ အာဟာရရှိတဲ့အစားအစာ၊ ကျန်းမာတဲ့အစားသောက်တွေကိုပဲ များများစားပေးပါ။ အရေးကြီးတာကတော့ မနက်စာ Breakfast ကို အလွတ်မခံပါနဲ့။ တစ်နေကုန် အလုပ်လုပ်ဖို့အတွက် မနက်စာက အရမ်းအရေးကြီးပါတယ်။

အားကစားပုံမှန်လုပ်ပါ

ကျန်းမာတဲ့ Healthy Lifestyle ကိုလိုချင်ရင်တော့ အားကစားကိုမေ့ထားလို့ မရပါဘူး။ မနက်စောစောထပြီး ချွေးထွက်အောင် အားကစားလုပ်ပေးပါ။ ပုံမှန်အားကစားလုပ်ချိန်လေးဖယ်ထားပြီး လုပ်ပေးပါ။

Supplement သောက်ပါ

အလုပ်အရမ်းများတဲ့သူတွေအတွက်၊ အလုပ်အရမ်းလုပ်ရတဲ့သူတွေအတွက်က Supplement တစ်ခုခု သောက်ပေးသင့်ပါတယ်။ အားဆေးဖြစ်ဖြစ်ပေါ့။

အနားယူဖို့အချိန်ပေးပါ

ဘယ်လောက်အလုပ်များများ အနားယူဖို့ အချိန်သီးသန့်မရှိရင် Stress တွေ အရမ်းပိသွားပါလိမ့်မယ်။ ဒါကြောင့် တစ်ပတ်မှာ တစ်ရက်ပဲဖြစ်ဖြစ်၊ နေ့တစ်ပိုင်းလောက်ပဲဖြစ်ဖြစ် သီးသန့် အေးဆေးအနားယူဖို့ အချိန်ပေးပါ။ ဒီလိုအချိန်မှာ မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့ ပျော်စရာအချိန်တွေ ဖန်တီးပြီး ကုန်ဆုံးတာမျိုးလုပ်ပေးပါ။ လူရောစိတ်ပါ Relax ဖြစ်ဖို့ လိုပါတယ်။

photo source: www.freepik.com