ကိုယ်ဟန်အနေအထား မမှန်တဲ့သူတွေက Exercise တွေကို ပုံမှန်လုပ်ပေးရင် ကိုယ်ဟန်အနေအထား မှန်သွားစေပါတယ်။ ဒါကြောင့် ပိုက်ဆံကုန်စရာမလိုပဲ ကိုယ်ဟန်အနေအထားမှန်လာအောင်၊ တိုးတက်ပြောင်းလဲလာအောင် လုပ်နိုင်တဲ့ Simple Exercise 5 ခုကို မျှဝေပေးလိုက်ပါတယ်။ ကိုယ်ဟန်အနေအထား မမှန်တာမျိုးတော့မဟုတ်ပေမယ့် ဒီထက်ပိုပြီး စမတ်ကျကျနဲ့ ကိုယ်ဟန်အနေအထား လှချင်တဲ့သူတွေလည်း လုပ်ပေးလို့ရပါတယ်။

Exercise 1

ပုံမှာလုပ်ပြထားတဲ့အတိုင်း တစ်ထပ်တည်းတူအောင် လုပ်ပေးရမှာပါ။ အဲ့ပုံစံအတိုင်းနေပြီး အသက်ကို ပုံမှန်လေးရှူသွင်းရှူထုတ် 5 စက္ကန့် လုပ်ပေးပါ။ ပြီးရင် ပင့်တင်ထားတဲ့ Body ကို ကြမ်းနဲ့ပြန်ထိပါ။ ပြီးရင် လက်ကို ဘယ်ညာပြောင်းပြီး အဲ့အတိုင်း ထပ်လုပ်ပေးရုံပါပဲ။ တစ်ဖက်ကို 3 ခေါက်စီပဲလုပ်ပေးရင်တောင် တော်တော်အဆင်ပြေနေပါပြီ။

Exercise 2

ဒီ Exercise မှာဆိုရင် မြှောက်ထားတဲ့ခြေထောက်က ထောင်ထားတဲ့ဒူးကို သွားထိပြီးတင်ထားလို့ မရပါဘူး။ ပုံမှာလုပ်ပြထားသလိုပဲ လုပ်ရမှာပါ။ အဲ့အတိုင်း 5 စက္ကန့်နေပေးပြီး အချိန်ပြည့်ရင် ခုနကလိုပဲ ခြေထောက်နဲ့လက်ကို ဘယ်ညာပြောင်းပြီး အဲ့အတိုင်း 5 စက္ကန့် ထပ်နေပေးပါ။ ဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို 5 ကြိမ်လုပ်ပေးပါ။

Exercise 3

ဒီ Exercise ကတော့ အရမ်းလွယ်ပါတယ်။ ပုံမှာလုပ်ပြထားတဲ့အတိုင်း 10 စက္ကန့်နေပေးပါ။ အချိန်ပြည့်ရင် ဘယ်ညာပြောင်းပြီး ထပ်လုပ်ပါ။ တစ်ဖက်ကို 5 ကြိမ်စီလုပ်ပေးရင် ရပါပြီ။

Exercise 4

ပုံမှာလုပ်ပြထားသလို ဘယ်ဘက်ကိုထောက်၊ ညာဘက်ကိုကား၊ ဘယ်ခြေထောက်ကိုဘေးကား၊ ညာခြေထောက်ကို ဒူးထောက်ထားပါ။ အဲ့လိုမျိုး ဘယ်ညာတစ်လှည့်စီ ဖြေးဖြေးချင်းစီ တစ်ဖက်ကို 10 ကြိမ်စီ လုပ်သွားပေးပါ။

Exercise 5

နောက်ဆုံးလေ့ကျင့်ခန်းကလည်း အရမ်းလွယ်ပါတယ်။ မနက်ခင်းလေ့ကျင့်ခန်းလုပ်သလိုပါပဲ။ ပုံမှာလုပ်ပြထားသလို ဘယ်လှည့်လိုက်၊ ညာလှည့်လိုက်နဲ့ လုပ်ရုံပါပဲ။ တစ်ဖက်ကို ၁၀ ကြိမ်စီ လုပ်ပေးပါ။