ဝမ်းဗိုက်ချပ်ဖို့အတွက်ဆိုရင်တော့ အစားအသောက်ကိုလည်း ဂရုစိုက်ဖို့လိုပါတယ်နော်။ ဝမ်းဗိုက်ချပ်ချင်တဲ့သူတွေအတွက် ပြုလုပ်ပေးလို့ရတဲ့ လေ့ကျင့်ခန်းကို မျှဝေပေးချင်ပါတယ်။

၁။ အရင်ဆုံး ခြေဆင်းပြီးထိုင်ပေးရပါမယ်။ ပြီးရင် ခြေထောက်တစ်ဖက်ကို ကွေးပြီး တစ်ဖက်ကို လက်နဲ့မပေးရမှာဖြစ်ပါတယ်။ မနိုင်သလောက်မပေးလိုက်ပါ။ အဲဒီလိုမပေးပြီး အသက်ကို ဖြည်းဖြည်းချင်းရှူကာ မျက်နှာနဲ့ ဒူးနဲ့ ထိအောင်လုပ်ပေးပြီး ပြန်ကွေးချလိုက်ပါ။ ပြီးရင် နောက်တစ်ဖက်ပြောင်းပေးပါ။တစ်ဖက်ချင်းဆီကို ၁၂ ကြိမ်ဆီလုပ်ပေးရပါမယ်။

၂။အရင်ဆုံး ပက်လက်အိပ်ပေးပါ။ ပြီးရင် ခြေထောက်ကို ဒူးကွေးပြီး အပေါ်မလိုက်ပါ။ လက်နှစ်ဖက်ကို အားပြုပြီး ဒူးကို ကိုင်ထားပေးပါ။ အဲဒီအတိုင်း စက္ကန့် ၂၀ လောက်နေပါ။ ပြီးရင် ပြန်ချပြီး ထပ်လုပ်ပါ။

၃။ ဒီလေ့ကျင့်ခန်းကတော့ သွေးလည်ပတ်မှုကိုကောင်းမွန်စေသလို ဝမ်းဗိုက်ချပ်စေဖို့ အကူအညီဖြစ်စေမှာဖြစ်ပါတယ်။ အရင်ဆုံး ပက်လက်လှဲနေပါ။ ပြီးရင် ခြေထောက်နှစ်ဖက်ကို အပေါ် မြောက်လိုက်ပါ ။လက်နှစ်ဖက်ကို တင် (သို့) ခါးနောက်ကို ကိုင်ထားပြီး ခြေထောက်ကို အပေါ် တန်းတန်းမြောက်ထားပေးပါ။ လည်ပင်းကို တောင့်မထားရပါဘူး။ အဲဒီအတိုင်း စက္ကန့် ၂၀ လောက်နေပေးပါ။

၄။ ဒီလေ့ကျင့်ခန်းကတော့ အမြဲဖော်ပြနေကျပါပဲနော်။ အရင်ဆုံး လက်နှစ်ဖက်ထောက်ပြီး ခန္ဓာကိုယ်အောက်ပိုင်းကို ကြမ်းပြင်နဲ့ထိထားပါ။ ပြီးရင် ရင်ဘတ်ကိုဖွင့်လိုက်ပြီး အသက်ကို ခပ်ပြင်းပြင်းရှူပါ။ အဲဒီအချိန်မှာ ဗိုက်ကို အာရုံစိုက်ပေးထားပါ။ စက္ကန့် ၂၀ လောက် (သို့) ခဏလောက် အသက်အောင့်ထားပါ။ ပြီးရင် အသက်ပြန်ရှူထုတ်လိုက်ပါ။ ပြီးရင် ပြန်ရှူပြီး စောစောကလို ထပ်ပြီးနေပေးရပါမယ်။

၅။ အရင်ဆုံး ပက်လက်လှဲနေပါ။ ပြီးရင် ခြေထောက်နှစ်ဖက်ကို တန်းတန်းဆန့်ထားပါ။ ပြီးရင်ကြမ်းပြင်အပေါ်ကို နည်းနည်းမြောက်ပေးပါ။ လက်နှစ်ဖက်ကို နောက်ပစ်ထားပါ။ ပြီးရင်ဘယ်ဖက်က ဒူးနဲ့ ညာဖက်တဒေါင်၊ ညာဖက်ဒူးနဲ့ ဘယ်ဖက်တဒေါင်ကို ထိအောင်လုပ်ပါ။ ခြေထောက်ကို ကြမ်းပြင်နဲ့မထိရပါဘူးနော်။