ကိုယ့်မှာ Stress တွေအရမ်းများနေရင် ပုံမှန် လေ့ကျင့်ခန်းတစ်ခုခုကို လုပ်သွားပေးကြည့်ပါ။ Workout လုပ်သလိုမျိုးတွေ မလုပ်နိုင်တဲ့အခါ ဒီလေ့ကျင့်ခန်းတွေက ပိုအဆင်ပြေပါလိမ့်မယ်။ ဒါကြောင့် Stress လျော့ကျစေဖို့အတွက် လုပ်ပေးလို့ရတဲ့ ရိုးရှင်းသော လေ့ကျင့်ခန်း ၅ ခုကို ပြောပြပေးလိုက်ပါတယ်။

တရားထိုင်ခြင်း

အေးအေးဆေးဆေးပဲလုပ်ချင်တယ်ဆိုရင် တရားထိုင်ပါ။ အနည်းဆုံး ၁၀ မိနစ်ကနေ စထိုင်ကြည့်ပါ။ ကြာကြာထိုင်နိုင်လေ ကောင်းလေပါပဲ။ တရားထိုင်ပေးတာက စိတ်ကိုတည်ငြိမ်စေပြီး Stress တွေလည်း လျော့ကျစေပါတယ်။

Tai Chi

လေကောင်းလေသန့်ရတဲ့နေရာမှာ Tai Chi လေ့ကျင့်ပေးခြင်းကလည်း Stress တွေလျော့ကျစေပါတယ်။

လက်ဝှေ့ထိုးခြင်း

ဝါသနာပါတဲ့သူဆိုရင် လက်ဝှေ့ထိုးတာသင်ပြီး လေ့ကျင့်ကြည့်ပါ။ Stress တွေ၊ ဒေါသတွေ ဖြေလျှော့ဖို့အတွက် အကောင်းဆုံးအရာတစ်ခုပါပဲ။

ပြေးခြင်း

လေ့ကျင့်ခန်းတွေလည်း ထွေထွေထူးထူး သိပ်မလုပ်ချင်ဘူးဆိုရင် ပြေးလို့ရပါတယ်။ ပြေးတာက Stress တွေလျော့ကစေပြီး စိတ်ကို Relax ဖြစ်စေပါတယ်။

Zumba

ကခုန်ရတာ ဝါသနာပါတဲ့သူ၊ Stress တွေ အရမ်းများပြီး တစ်ချိန်လုံးဘူနေတဲ့သူဆိုရင်တော့ Zumba Class တွေတက်ကြည့်ပါ။ သီချင်းတွေနဲ့ ကခုန်ရတာမျိုး ဖြစ်တဲ့အတွက် စိတ်ရောကိုယ်ပါ ပေါ့ပါးလန်းဆန်းစေပြီး Stress တွေလည်း သိသိသာသာ လျော့ကျသွားစေပါတယ်။