ချစ်သူနဲ့ လမ်းခွဲတာဟာ သင်ဘယ်လောက်အထိ သူ့အပေါ် ချစ်မြတ်နိုးတယ်၊ တန်ဖိုးထားတယ်ဆိုတဲ့အပေးမှာမူတည်ပြီး အခြေအနေက ဆိုးရွားကောင်းဆိုးရွားနိုင်ပါတယ်။ အသဲကွဲတဲ့ ဒဏ်ရာကလည်း ကြီးနိုင်ပါတယ်။ ဒါ့ကြောင့် ချစ်ရတဲ့သူနဲ့ လမ်းခွဲပြီး အသည်းကွဲတဲ့အခါတိုင်း မိန်းကလေး လုပ်တတ်တဲ့ အမူအကျင့် (၅) ခုကို မျှဝေပေးချင်ပါတယ်။

၁။ သူငယ်ချင်းတွေကို ရင်ဖွင့်ခြင်း

ဒီအခြေအနေမှာ ကိုယ့်ရဲ့ သူငယ်ချင်း (သို့) ရင်းနှီးသူတစ်ယောက်ယောက်ကို ရင်ဖွင့်တာဟာ ဒဏ်ရာကို သက်သာစေပါတယ်။ ဒီလိုရင်ဖွင့်တာမျိုးကို အမျိုးသမီးအများစု လုပ်လေ့ရှိကြပါတယ်။

၂။ သူငယ်ချင်းတွေနဲ့ အတူတူကဲမယ်

အသဲကွဲတဲ့အခါ သူငယ်ချင်းတွေနဲ့ အတူတူ တွေ့တာမျိုး၊ အတူတူ စားသောက်တာမျိုး လုပ်လေ့ရှိကြပါတယ်။ ဒီလိုလုပ်ပေးတာဟာလည်း သင့်ရဲ့ စိတ်ကို ပျော်ရွှင်စေပါတယ်။

၃။ သင့်ကိုယ်သင်ပိုပြီးကြည့်ကောင်းအောင်လုပ်မယ်

အသည်းကွဲပြီးတဲ့အခါ မိန်းကလေးတွေ ပိုပြီးလှလာကြတာ သတိထားမိရဲ့လား။ အသည်းကွဲရင် သူတို့ကိုယ်သူတို့ ပိုပြီးဂရုစိုက်ကြပါတယ်။

၄။ ခရီးသွားမယ်

ဘာလို့ ဝမ်းနည်းပြီး အထီးကျန်ဆန်နေမှာလဲ။ ခရီးသွားလိုက်တာမျိုး လုပ်ပြီး၊ မိတ်ဆွေသစ်၊ လူသစ်၊ နေရာသစ်မှာ ခဏလောက်သွားနေလိုက်ပါ။ ဒီလိုမျိုးလုပ်တာဟာလည်း အသည်းကွဲဝေဒနာကို သက်သာစေလို့ အမျိုးသမီးအများစု လုပ်လေ့ရှိကြပါတယ်။

၅။ စိတ်ကိုအစာကျွေးခြင်း

အမြဲတမ်း အထီးကျန်နေတာမျိုးကနေ ကင်းဝေးစေဖို့ မိမိ ဝါသနာပါတဲ့ သင်တန်းတွေတက်ပါ။ စိတ်နစ်ပြီးလုပ်ရတဲ့ အလုပ်တွေလုပ်ပါ။ ကိုယ့်ရဲ့ အိမ်သားတွေကို ချက်ပြုတ်ကျွေးပါ။