အစမှာတော့ ထိန်းချုပ်ခြင်းတွေက အချစ်ရေးမှာ စိတ်ကူးယဉ်ဆန်တယ်၊ ချစ်လွန်းလို့ လုပ်ပေးတယ် ဆိုတာမျိုး ထင်ရစေပါတယ်။ ဒီလို ချစ်ခံရတဲ့ သင်ကိုယ်တိုင်ကလည်း အချစ်ရေး ကံကောင်းတယ်လို့ ကိုယ့်ကိုယ်ကိုယ် တွေးနေနိုင်ပါတယ်။ ဒါပေမဲ့ တကယ်ချစ်ပြီး လွတ်လပ်ခွင့်ပေးတာနဲ့ ချစ်လို့ ထိန်းချုပ်နေတာနဲ့ မတူပါဘူး။ ကျန်းမာတဲ့ အချစ်ရေးတစ်ခုမှာ ထိန်းချုပ်ခြင်း မဟုတ်ဘဲ အချင်းချင်း လေးစားတာ၊ ပံ့ပိုးပေးတာ စတာတွေ ပါဝင်ပါတယ်။

အခုတစ်ခေါက်မှာတော့ သင့်ကို ထိန်းချုပ်ဖို့ ကြိုးစားနေသူနဲ့ သင်က တွဲနေရပြီလား သိနိုင်ဖို့ ခွဲခြားနိုင်တဲ့ အချက်တွေကို ဖော်ပြပါရစေ။

၁။ သင်လုပ်သမျှကို ဝေဖန်ရေး လုပ်တယ်

သင့်ကို တော်စေချင်လို့ ပြောင်းလဲဖို့ ဝေဖန်တာနဲ့ သင့်လုပ်ပုံတွေကို မကြိုက်လို့ ဝေဖန်တာနဲ့ မတူပါဘူး။ သင်လုပ်သမျှကို ဝေဖန်တဲ့သူဆိုတာ ဥပမာ- သင်ချက်တဲ့ ဟင်းကို ပုံစံပြောင်းချက်ဖို့ ပြောတာ၊ သင့်ကို သူ့အမေလို ဟင်းအရသာချက်ဖို့ တောင်းဆိုတာ၊ သူ့အမေလို အိမ်မှု ကျွမ်းကျင်ဖို့ နေထိုင်ဖို့ ဆုံးမတာ စတာတွေက သင့်ကို ထိန်းချုပ်တာပါပဲ။ သင်နဲ့ သူရဲ့ ကောင်းသွားဖို့ရည်ရွယ်ချက်အတူတူကိုမှ သင့်အမူအရာကို သူ မကြိုက်လို့ ဝေဖန်တာဆိုရင် ဒါက ထိန်းချုပ်သူပါ။

၂။ သင့်ခန္ဓာကိုယ်ပုံစံကို ဘယ်လိုဖြစ်သင့်လဲ ပြောသူ

သင်စားသမျှကို ထိုင်ဝေဖန်နေတဲ့သူ၊ သင်မလုပ်ချင်တဲ့ အရာကို လုပ်ဖို့ ကြံဆောင်သူ၊ သင် ဆံပင်တို ထားချင်တယ်ဆိုရင် မထားဖို့ တားဆီးသူ စတာတွေက ထိန်းချုပ်သူတွေပါပဲ။ သင်က ဒီထက် ပိုဝသင့်တယ်၊ ပိုပိန်သင့်တယ် စတာတွေကို အချိန်တိုင်း ပြောနေသူဆိုရင်တော့ သူက သင့်ကို အနည်းနဲ့ အများ ထိန်းချုပ်နေတာပါပဲ။

၃။ သူငယ်ချင်းတွေနဲ့ ဝေးကွာစေတယ်

ထိန်းချုပ်တတ်တဲ့ အမျိုးသားတွေက ကိုယ့်ကောင်မလေးတွေကို သူတို့ သူငယ်ချင်းတွေနဲ့ ဝေးလေ ကောင်းလေလို့ သတ်မှတ်တတ်ပါတယ်။ သင်နဲ့ သင့်သူငယ်ချင်းတွေ သွားတွေ့တဲ့အခါ ဘယ်တော့မှ မလိုက်တဲ့လူ၊ သင့်သူငယ်ချင်းတွေရဲ့ အားနည်းချက်၊ မကောင်းကြောင်းတွေကို ပြောကာ သူတို့နဲ့ ဝေးဝေးနေဖို့ ပြောတတ်သူဆိုရင်တော့ သင်သတိထားသင့်ပါတယ်။ သူတို့က သင့်ကို သူတို့ အနားမှာပဲ ရှိစေချင်တာဆိုတဲ့ အကြောင်းပြချက်နဲ့ ဒီလိုဝေးကွာအောင် ကြိုးပမ်းတတ်ကြတာပါ။

၄။ သူမပါတဲ့ သင့်စိတ်ဝင်စားမှုတွေကို ပံ့ပိုးမပေးဘူး

ယောက်ျားလေး တစ်ယောက်က သူတို့ကိုယ်သူတို့ မလုံမခြုံခံစားရပြီး ယုံကြည်ချက်နည်းနေရင် မိန်းကလေး တစ်ယောက်က သူတို့ထက် သာသွားတာကို မလိုလားကြပါဘူး။ သင့်ဘဝ တိုးတက်ရာ တိုးတက်ကြောင်းတွေကို သင့်ချစ်သူက မလုပ်ဖို့ ထိန်းချုပ်တတ်ပြီး သူတို့မပါတဲ့ နေရာတွေမှာ အလုပ်မလုပ်ဖို့ တောင်းဆိုရင် ဒါက ထိန်းချုပ်နေတာပါပဲ။

၅။ သူက သင့်ကို မယုံဘူး

သူ့ ပစ္စည်းကို သင်က ခွင့်ပြုချက် မရှိဘဲ ကိုင်ပြီ ဆိုရင် သူက မရရအောင် တားတတ်ပါတယ်။ သင်လုပ်သမျှကို အယုံအကြည် မရှိဘဲ သူကိုယ်တိုင် လုပ်မှ အဆင်ပြေတာလို့ ပြောတတ်သူဆိုရင် သင်က သူ့ရဲ့ အရံရည်းစားလေး အဆင့်ပဲ ရှိပါသေးတယ်။ ထိန်းချုပ်တတ်တဲ့ သူတွေက ဘယ်အရာမဆို သူတို့ လုပ်မှ မှန်တယ်၊ ကောင်းတယ်လို့ ထင်နေတတ်ပါတယ်။

Photo source: Pinterest

By MyStyle Myanmar