ကိုယ့်အတွက် မကောင်းတဲ့အချစ်ရေးတစ်ခုကို ဖက်တွယ်ထားရင်တော့ အချိန်ကြာလာတာနဲ့အမျှ ကိုယ်ပဲ ပိုပြီးပင်ပန်းလာမယ်၊ နာကျင်ရပါမယ်။ လူတိုင်းကတော့ အချစ်ရေးမှာ ပျော်ရွှင်ချင်ကြတယ်၊ ကံကောင်းချင်ကြတာချည်းပါပဲ။ အခုလက်ရှိ relationship က ကိုယ့်အတွက် toxic ဖြစ်နေတယ်ဆိုတာကတော့ ဒီအချက် ၅ ချက်နဲ့တင် သိသာပါတယ်။

ပျော်ရွှင်မှုတွေပျောက်ဆုံးလာခြင်း

အစပိုင်းကတော့ ပျော်စရာကောင်းပေမယ့် နောက်ပိုင်းမှာ တစ်ဖြေးဖြေးနဲ့ ပျော်ရွှင်မှုတွေ ပျောက်ဆုံးလာတယ်၊ နှစ်ယောက်သားရဲ့ ပျော်ရွှင်မှုတွေ မရှိတော့တဲ့အပြင် ကိုယ့်ရဲ့ပျော်ရွှင်မှုတွေပါ ပျောက်ဆုံးလာတယ်၊ ကိုယ့်အတွက် ဘယ်အရာက ပျော်ရွှင်ရလဲဆိုတာတောင် မသိတော့ဘူးဆိုတာမျိုးတွေအထိ ဖြစ်လာရင်တော့ လက်ရှိ relationship က သင့်အတွက် တကယ်ကို toxic ဖြစ်နေပါပြီ။

အိမ်မက်တွေဆုံးရှုံးသွားခြင်း

သူကချုပ်ချယ်လို့၊ ပေးမလုပ်လို့ဆိုပြီး ကိုယ်ဖြစ်ချင်တဲ့ အိမ်မက်တွေကို ဆုံးရှုံးလိုက်ရတယ်၊ လက်လွှတ်လိုက်တယ်ဆိုရင်တော့ toxic relationship ပါပဲ။ တကယ်ချစ်တဲ့သူဆိုရင် ကိုယ့်ချစ်သူဖြစ်ချင်တဲ့ အိမ်မက်တွေကို ဖျက်စီးဖို့နေနေသာသာ ပံ့ပိုးပြီးတောင် support ပေးအုံးမှာပါ။

သူငယ်ချင်းတွေကိုဆုံးရှုံးလာခြင်း

ဒီအချက်က relationship တော်တော်များများမှာ ကြုံတွေ့နေရတဲ့ toxic ဆန်တဲ့အချက်ပါပဲ။ ချစ်လို့၊ စိတ်မချလို့၊ သဝန်တိုလို့ဆိုပြီး အရာရာကို လိုက်ချုပ်ချယ်ပြီး မကြိုက်တဲ့သူငယ်ချင်းတွေနဲ့ပါ မတွေ့နဲ့၊ မသွားနဲ့ဆိုတာတွေ ဖြစ်လာပြီး သူငယ်ချင်းတွေ တစ်ဖြေးဖြေးနဲ့ ဆုံးရှုံးသွားရပါတယ်။ အခင်အမင်ပျက်ကုန်ကြပါတယ်။

ဘာမဟုတ်တာလေးတွေနဲ့ရန်ဖြစ်ခြင်း

တချို့ဆိုရင် ကြာလာတာနဲ့အမျှ toxic ဆန်လာတော့ ဘာမဟုတ်တဲ့၊ အရေးမပါတဲ့ကိစ္စ သေးသေးလေးတွေကအစ ရန်ဖြစ်စကားများကြတာပါ။ တစ်ခါတစ်လေမဟုတ်ပဲ ခဏခဏကိုဖြစ်နေရင်တော့ နှစ်ယောက်လုံး ပျော်စရာတွေပျောက်ဆုံးပြီး စိတ်ကုန်လာကြမှာပါ။

အမြဲနာကျင်ပြီးငိုနေရခြင်း

နောက်ဆုံးအချက်ကတော့ ဒီ relationship နဲ့ပတ်သက်ပြီး က အမြဲနာကျင်နေရလား၊ သူလုပ်တဲ့အရာတိုင်းက ကိုယ့်အတွက် နာကျင်စရာတွေဖြစ်နေလား၊ အမြဲဝမ်းနည်းပြီး ငိုနေရလားဆိုတာကိုသာ ပြန်စဉ်းစားပါ။ ဒီလိုတွေဖြစ်နေရင်တော့ သေချာပေါက် toxic relationship ထဲရောက်နေတာပါပဲ။