ရည်းစားတွေပဲဖြစ်ဖြစ်၊ ရည်းစားမကျတကျ အချိန်မှာပဲဖြစ်ဖြစ် ကိုယ်နဲ့ပတ်သက်နေတဲ့သူက ကိုယ့်အပေါ်မှာ ခံစားချက်မရှိတော့ဘူးလားဆိုတာကို သံသယဖြစ်လာရင် ဒီအချက်တွေနဲ့သာ တိုက်စစ်ကြည့်လိုက်ပါ။ ဒါမှ ကိုယ်လည်း လုပ်စရာရှိတာဆက်လုပ်ပြီး ဆုံးဖြတ်ချက်တစ်ခု ချလို့ရမှာပါ။
အရေးပေးတာ၊ ဦးစားပေးတာမျိုးတွေမရှိတော့ခြင်း
အရင်က အားလုံးနဲ့ယှဉ်ရင် သင့်ကို ဦးစားပေးခဲ့သမျှ အခုအချိန်မှာတော့ ပြောင်းလဲလာပြီး သင့်ကို ဦးစားပေးတာမျိုး၊ အရေးပေးတာမျိုးတွေ တစ်ဖြေးဖြေးနဲ့ လျော့နည်းလာမယ်။ ပြီးရင် လုံးဝအရေးမပေးတော့တာ၊ ဦးစားမပေးတော့တာတွေ ဖြစ်လာတာမျိုးပါ။
အချိန်မပေးတော့ခြင်း
အရင်လို သင့်အတွက် အချိန်ပေးတာမျိုးတွေ သိပ်မရှိတော့ဘူး။ သင်ကတွေ့ဖို့ပြောရင်တောင် အကြောင်းအမျိုးမျိုးပြပြီး ငြင်းလာမယ်။ သင်နဲ့တွေ့ဖို့၊ စကားပြောဖို့ဆိုရင် အရင်လိုမဟုတ်တော့ပဲ အကြောင်းပြချက်မျိုးစုံနဲ့ ရှောင်ဖယ်လာပါမယ်။ ရည်းစားမကျတကျ အခြေအနေဆိုရင်တော့ အရင်လို Chat ရတဲ့အချိန်တွေ၊ စကားပြောရတာတွေလည်း သိသိသာသာကို လျော့သွားမှာပါ။
ဂရုမစိုက်တော့ခြင်း
သင်ဘာပဲဖြစ်ဖြစ် အရင်လိုဂရုမစိုက်တော့ပဲ ဖာသိဖာသာနေတာမျိုးလည်း ရှိပါတယ်။ ရည်းစားဆိုရင် သင်က သူ့အတွက်နဲ့ ခံစားနေရရင်တောင် ဂရုမစိုက်တော့ဘူး၊ မတုန်လှုပ်တော့ဘူး။ သင့်ခံစားချက်တွေက သူ့အတွက် ဘာမှမဟုတ်တော့ဘူးဆိုတာတွေ ဖြစ်လာပြီဆိုရင် သင့်အပေါ် ခံစားချက်မရှိတော့တာ သိသာပါတယ်။
အရာရာကိုအပြစ်တင်နေခြင်း
သင်လုပ်သမျှ အရာရာတိုင်းကို အပြစ်တင်လာမယ်။ အရာရာကို အပြစ်တင်ပြီး ပြောဆိုလာမယ်။ သင်ဘာလုပ်လုပ်၊ ဘာပြောပြော သူ့အတွက် စိတ်ရှုပ်စရာကောင်းတယ်ဆိုတဲ့ အပြုအမူမျိုးတွေ၊ စိတ်မရှည်တော့တာမျိုးတွေ ဖြစ်လာပါမယ်။
လျှို့ဝှက်ချက်တွေများလာခြင်း
သင့်အပေါ်မှာ ရုတ်တရက်ကြီး ဖုံးကွယ်ထားတာမျိုးတွေ ရှိလာမယ်။ လျှို့ဝှက်ချက်တွေများလာမယ်။ ဒီလိုအပြုအမူမျိုးတွေ ဖြစ်နေတာများပြီဆိုရင်တော့ သင့်အပေါ်မှာ ခံစားချက်တွေ လျော့နည်းလာတာ ဖြစ်ပါတယ်။