ကိုယ့်ချစ်သူက မူမမှန်ဘူး၊ ပြောင်းလဲလာပြီဆိုရင် လူတိုင်းကသိပါတယ်။ ခံစားချက်တစ်မျိုးဖြစ်ပြီး သံသယတွေ ဝင်လာပါတယ်။ ဒါ့အပြင် ကိုယ့်ချစ်သူက တခြားတစ်ယောက်အပေါ်မှာ ခံစားချက်ရှိနေပြီလားဆိုတာကို သိသာစေတဲ့အချက် ၅ ချက်ကိုလည်း ပြောပြပေးလိုက်ပါတယ်။

လျှို့ဝှက်ချက်တွေများလာခြင်း

အရင်တုန်းက သိပ်ပြီးတော့ လျှို့ဝှက်ချက်မများပဲ နောက်ပိုင်းမှာ အရမ်း လျှို့ဝှက်ချက်တွေများလာတာမျိုး၊ အထူးသဖြင့် ဖုန်းကိုလုံးဝအထိမခံတာ၊ ဖုန်းကိုင်ရင် မကြိုက်တော့တာမျိုးတွေ၊ ဒေါသထွက်တာမျိုးတွေ ဖြစ်လာတတ်ပါတယ်။ မဟုတ်တာလုပ်နေတဲ့သူက သိသွားမှာစိုးလို့ ဖုံးနေတာက အရမ်းသိသာပါတယ်။

Social Media ကိုပိုသုံးလာခြင်း

အရင်ထက်ပိုပြီး Social Media ကိုပိုသုံးလာမယ်။ Social media မှာ Single တစ်ယောက်လို နေထိုင်မယ်၊ သင်နဲ့ပတ်သက်တာတွေလည်း မတင်တော့ဘူး။ Social Media မှာ အချိန်ကုန်နေပေမယ့်လည်း သင်နဲ့စကားပြောနေတာမျိုးလည်း မဟုတ်ပဲ ဖြစ်နေပါလိမ့်မယ်။

သင့်ကိုအချိန်မပေးတော့ခြင်း

အလုပ်များနေတာ၊ အချိန်မရှိတာမျိုးလည်းမဟုတ်ပဲ သင့်အတွက် အချိန်မပေးနိုင်တော့တာ၊ တစ်ခုခုဆို တွေ့ဖို့ဆိုလည်း အကြောင်းအမျိုးမျိုးပြနေတာမျိုးတွေက ကိုယ်နဲ့မတွေ့ချင်လို့ပါပဲ။ ဒီကြားထဲမှာမှ သတင်းတချို့ကြားထားတာမျိုးတွေလည်း ရှိနေပြီဆိုရင်တော့ သေချာစုံစမ်းဖို့လိုပါတယ်။

သင့်အပေါ်စိတ်ဝင်စားမှုနည်းလာခြင်း

သင်မဟုတ်တဲ့ တခြားတစ်ယောက်အပေါ်မှာ စိတ်ခံစားချက်ရှိလာတဲ့အခါမှာတော့ သင့်အပေါ်မှာ စိတ်ဝင်စားမှု လျော့နည်းလာမှာပါပဲ။ အသစ်ဆီပဲစိတ်ရောက်နေတဲ့အတွက် သင်ဘာဖြစ်ဖြစ် အရင်လောက် စိတ်ပူတာ၊ ဂရုစိုက်တာတွေလည်း ရှိတော့မှာမဟုတ်ပဲ သိသိသာသာကို ပြောင်းလဲသွားပါလိမ့်မယ်။

မျက်လုံးရှေ့မှာတစ်ယောက်ယောက်ကိုအမြဲမြင်နေရခြင်း

မျက်လုံးရှေ့မှာ တစ်ယောက်ယောက်ကို အမြဲမြင်နေရခြင်းဆိုတာကတော့ Social Media မှာဆိုလည်း အရင်ကမတွေ့ဖူးတဲ့သူတစ်ယောက်က သူ့ Post တွေအောက်မှာ အမြဲရှိနေတာ၊ သူတို့နှစ်ယောက် အမြဲတမ်း ရင်းရင်းနှီးနှီးပြောဆိုနေတာ၊ သူငယ်ချင်းတွေနဲ့ ပုံတက်လာရင်လည်း အဲ့တစ်ယောက်က သူ့နားမှာအမြဲရှိနေတာမျိုးတွေကို ပြောတာပါ။ သာမာန်သူငယ်ချင်း အသိမိတ်ဆွေလား တခြားမူမမှန်တဲ့ ပတ်သက်မှုမျိုးလားဆိုတာကို ခံစားမိကြမှာပါ။

ဒါကြောင့် ဒီလိုအခြေအနေမျိုးတွေ ဖြစ်လာပြီဆိုရင် သေချာအောင်စုံစမ်းသင့်တာ စုံစမ်းပြီး အကောင်းဆုံး ဆုံးဖြတ်ဖို့လိုပါတယ်။