ပြတ်သွားတာဘယ်လောက်ကြာကြာ EX ကိုပဲ ချစ်နေသေးတယ်ဆိုတဲ့သူတွေ ရှိမှာပါ။ ဒီလိုချစ်တော့ ပင်ပန်းတာက ကိုယ်တိုင်ပါပဲ။ အကောင်းဆုံးက လမ်းခွဲပြီးပြီဆိုရင် မေ့နိုင်အောင် ကြိုးစားပါ။ အခုထိ မမေ့နိုင်ပဲ EX ကိုချစ်နေသေးတယ်ဆိုတာကတော့ ဒီအချက် ၅ ချက်နဲ့တင် သိနိုင်ပါတယ်။

EX အကြောင်းပဲတွေးနေခြင်း

နေ့တိုင်း သူ့အကြောင်းမတွေးတဲ့နေ့မရှိပဲ တွေးနေမိတာမျိုးပါ။ တကူးတကတွေးတာမျိုး မဟုတ်ရင်တောင်မှ ခေါင်းထဲအလိုလိုရောက်လာတာမျိုးတွေ ရှိပါတယ်။ သူနဲ့တွဲခဲ့တုန်းကအချိန်တွေကို ပြန်တွေးပြီး သတိရနေတာမျိုးတွေလည်း အမြဲဖြစ်နေတတ်ပါတယ်။ EX ကိုမမေ့နိုင်ပဲ ချစ်နေသေးတဲ့အခါ၊ မျှော်လင့်နေသေးတဲ့အခါမှာတော့ ဒီလိုတွေဖြစ်တာပါပဲ။

EX အကြောင်းအမြဲပြောနေခြင်း

စိတ်ထဲမှာ အမြဲရှိနေတဲ့အတွက် သူငယ်ချင်းတွေနဲ့ စကားပြောတိုင်းမှာလည်း သူ့အကြောင်းက ပါလာတာမျိုး၊ တကူးတကလည်း သူ့အကြောင်းတွေပြောပြီး ပြန်လွမ်းနေတာမျိုးတွေ ဖြစ်နေရင်တော့ EX ကို မမေ့နိုင်ပဲ ချစ်နေသေးတဲ့သူဆိုတာ အရမ်းသိသာပါတယ်။

EX နဲ့ပတ်သက်တာတွေစုံစမ်းနေခြင်း

ပြတ်တာကြာသွားလည်း EX ရဲ့အကောင့်ကို ခိုးကြည့်တာမျိုး၊ သူဘာတွေလုပ်နေလဲ၊ ဘယ်သူနဲ့တွဲနေလဲ စသဖြင့် သူ့အကြောင်းတွေ၊ သူနဲ့ပတ်သက်တာတွေကို စုံစမ်းနေရင်တော့ မမေ့နိုင်ပဲ ချစ်နေရုံတင်မဟုတ်ပဲ ပြန်တွဲချင်နေတာ၊ သူ့ကိုပြန်လိုချင်နေတာပါ။

EX နဲ့ပတ်သက်တာတွေကိုမဖျက်ဆီးနိုင်ခြင်း

ပြန်သွားတာ ဘယ်လောက်ကြာကြာ သူနဲ့ပတ်သက်တဲ့အရာတွေ၊ အမှတ်တရတွေ၊ ဓာတ်ပုံတွေကို မဖျက်ဆီးနိုင်ပဲ ဆက်သိမ်းထားသေးတယ်ဆိုရင် သူ့ကိုမေ့ပစ်ဖို့မကြိုးစားချင်ပဲ ချစ်နေသေးတာပါ။ သူ့ကိုပြန်လာဖို့ မျှော်လင့်နေတာပါ။

နောက်တစ်ယောက်တွေ့လည်း EX ကိုမမေ့နိုင်ခြင်း

တချို့ကျတော့ စိတ်အဆင်ပြေအောင် နောက်တစ်ယောက်နဲ့တွေ့တာ၊ Chat တာတွေ လုပ်နေပေမယ့်လည်း အချိန်တန်တော့ ဒီ EX ကိုပဲသတိရနေတဲ့သူတွေ၊ EX ကိုပဲ မမေ့နိုင်ဖြစ်နေတဲ့သူတွေ ရှိပါတယ်။ ဒီလိုမျိုးတွေဖြစ်နေရင်တော့ နောက်တစ်ယောက်ကို အသုံးမချပဲ၊ ခံစားရအောင်မလုပ်ပဲ ကိုယ်တိုင်ပဲ အရင် Move On လုပ်ပြီးမှ ဇာတ်လမ်းအသစ်စသင့်ပါတယ်။