လူတိုင်းနဲ့မတူဘဲ တမူထူးခြားတဲ့ ကိုယ်ရေကိုယ်သွေးရှိသူတွေဟာ တခြားသူတွေထက် ပိုပြီး ဆွဲဆောင်မှုရှိပါတယ်။ သူတို့တွေဟာ ရိုးသားတယ်၊ သူတို့ကိုယ်သူတို့ အသန့်ရှင်းဆုံးနေထိုင်ကြပြီး တခြားသူတွေကို ကူညီဖို့ အဆင်သင့်ဖြစ်နေကြသူတွေပါ။ သူတို့မှာ ဘယ်လိုကိုယ်ရေကိုယ်သွေးတွေရှိကြလဲဆိုတာ မျှဝေပေးချင်ပါတယ်။

၁။ နားထောင်တတ်တယ် ၊ သင်ယူတတ်တယ်

သင်ဟာ တခြားသူတွေပြောတဲ့စကားတွေကို နားထောင်တတ်ပြီး၊ အတွေ့အကြုံသစ်တွေကို သင်ယူတတ်တဲ့သူတွေပါ။

၂။ မကြောက်တတ်ပါဘူး

သင်က အခွင့်အလမ်းအသစ်တွေကို ရယူဖို့ မကြောက်ရွံ့တတ်တဲ့သူတွေဖြစ်ပါတယ်။ စွန့်စားမှုအသစ်၊ ဘဝပြောင်းလဲမှုအသစ်တွေကို အမြဲတမ်း ရှာဖွေတတ်တဲ့သူတွေပါ။

၃။ စစ်မှန်တဲ့မိတ်ဆွေကောင်းကိုသာလိုအပ်တယ်

သင်ဟာ သင့်အပေါ် အမှန်တကယ် မခင်တဲ့သူ၊ မေတ္တာတုတွေအပေါ် မက်မောလေ့မရှိဘဲ သင့်ကို အမှန်တကယ်ခင်မင်တဲ့ မိတ်ဆွေစစ်တွေကိုသာ ရှာဖွေတတ်တဲ့သူဖြစ်ပါတယ်။ သင့်ဘေးမှာ ရှိတဲ့သူတွေအတွက်လည်း သင်ဟာအကောင်းဆုံးကိုသာ လုပ်ဆောင်ပေးတတ်တဲ့သူဖြစ်ပါတယ်။

၄။ တခြားသူတွေရဲ့ အာရုံစိုက်ခံရဖို့ ကြိုးစားအားထုတ်လေ့မရှိသူ

သင်ဟာ တခြားသူရဲ့ အာရုံစိုက်မှု ထင်ပေါ်ကျော်ကြားမှုတွေကို မလိုချင်တဲ့သူဖြစ်ပါတယ်။ သင့်ကိုချစ်တဲ့သူတွေအတွက်သာ သင်ချစ်ပြီး၊ ကိုယ့်ကိုကိုယ်ရော တခြားသူတွေကိုရော အကောင်းမြင်တတ်တဲ့စိတ်ရှိတာကြောင့် သင်ကို တခြားသူတွေက အာရုံစိုက်မိကြပါတယ်။

၅။ သင့်ကိုယ်သင်ယုံကြည်မှုအပြည့်ရှိတယ်

သင်ဟာ တခြားသူတွေဘာပြောပြော သင့်ခံယူချက်နဲ့သင် ရှေ့ဆက်တဲ့သူတစ်ဦးဖြစ်ပါတယ်။ သင့်ကို နာကျင်စေတဲ့သူတွေ၊ ကျရှုံးအောင်လုပ်ချင်တဲ့သူတွေကို အာရုံသိပ်ထားလေ့မရှိပါဘူး။