ရည်းစားထပ်ထားဖို့ အဆင်သင့်မဖြစ်သေးပဲ ထပ်ထားလိုက်ရင် ခဏလေးနဲ့ ပြတ်တာမျိုး၊ အပြည့်အဝမပျော်နိုင်တာမျိုးတွေ ရှိလာနိုင်ပါတယ်။ ဒါကြောင့် လက်ရှိသာယာနေတဲ့ ကိုယ့်ရဲ့ single ဘဝကိုစွန့်လွှတ်ပြီး ရည်းစားထပ်ထားဖို့ အဆင်မပြေနိုင်သေးတဲ့အချက် ၅ ချက်ကို ပြောပြပေးလိုက်ပါတယ်။ သင့်မှာ ဒီအချက်တွေနဲ့ အမျာကြီးတိုက်ဆိုင်နေပြီဆိုရင်တော့ single ပဲဆက်လုပ်လိုက်ပါအုံး။

လွတ်လပ်ခြင်းကိုပိုနှစ်သက်နေခြင်း

တစ်ယောက်ထဲနေရတာကြာလာတော့ တစ်ယောက်ထဲအပူအပင်မရှိပဲ လွတ်လွတ်လပ်လပ်နေရတာကို ပိုနှစ်သက်လာတယ်။ ချုပ်ချယ်တာတွေကို စိတ်ရှုပ်တယ်၊ လုံးဝမခံနိုင်ဘူးဆိုတဲ့ စိတ်ခံစားမှုတွေဖြစ်နေရင်တော့ single ဘဝကိုစွန့်ပြီး ရည်းစားထပ်ထားဖို့ အဆင်သင့်မဖြစ်သေးပါဘူး။

အချစ်ကိုအယုံအကြည်မရှိသေးဘူး

အရင်ရည်စားနဲ့တုန်းက ယုံကြည်မှုပျက်စီးခဲ့တာကြောင့်၊ သစ္စာဖောက်ခံခဲ့ရဖူးတာကြောင့် ဒါမှမဟုတ်လည်း တခြားသူရဲ့ပြဿနာတွေကို မြင်ထားဖူးလို့ စိတ်ကုန်နေတာကြောင့် အချစ်ကို အယုံအကြည်မရှိသလို ဖြစ်နေတယ်၊ လူတွေကို ယုံကြည်ဖို့ရာ ခက်ခဲနေသေးတယ်ဆိုရင်တော့ ရည်းစားပြန်ထားဖို့ အဆင်သင့်မဖြစ်သေးပါဘူး။

ရည်စားဟောင်းကိုမမေ့နိုင်သေးဘူး

ရည်းစားဟောင်းကိုမမေ့နိုင်သေးတာမျိုး၊ ချစ်နေသေးတာမျိုး၊ ရည်းစားဟောင်း ဘာလုပ်လဲဆိုတာတွေကို လိုက်စိတ်ဝင်စားနေတာမျိုး၊ ရည်းစားဟောင်းအကြောင်းတွေကို အခုချိန်ထိ ပြောနေပြီး စိတ်မပျက်နိုင်သေးတာမျိုးတွေဖြစ်နေရင် နောက်တစ်ယောက်ကိုထပ်ချစ်ဖို့ မဖြစ်နိုင်သေးသလို ရည်းစားထပ်ထားဖို့လည်း အဆင်သင့်မဖြစ်သေးပါဘူး။

စိတ်ဖိစီးမှုများနေပြီးစိတ်ပင်ပန်းနေခြင်း

စိတ်ဖိစီးမှုတွေများပြီး စိတ်ပင်ပန်းနေတယ်၊ depression ဝင်နေတယ်၊ လက်ရှိအခြေအနေမှာ မပျော်ရွှင်နိုင် ဖြစ်နေတယ်ဆိုရင် ရည်းစားထပ်ထားဖို့ မစဉ်းစားသေးပဲ ကိုယ့်စိတ်ကို အရင်ကုစားသင့်ပါတယ်။ ခဏလောက်တော့ တစ်ယောက်ထဲဆက်နေပြီး ကိုယ့်ကိုယ်ကိုပျော်အောင် အရင်ထားပါ။

Date လုပ်ရမှာကိုစိတ်ဖိစီးသလိုခံစားနေရခြင်း

တစ်ယောက်ယောက်နဲ့ date လုပ်ရမှာကိုတောင် အတွေးတွေများပြီး ပူပန်နေတယ်၊ အရှည်ကြီးတွေလျှောက်တွေးပြီး စိတ်ဖိစီးသလိုတွေ ခံစားနေရတယ်ဆိုရင် သင့်အနေနဲ့ single ဘဝကိုစွန့်ပြီး ရည်စားထပ်ထားဖို့ အဆင်သင့်မဖြစ်သေးပါဘူး။