Shopping ထွက်တဲ့အခါမှာ ပိုက်ဆံအရမ်းကုန်တယ်ဆိုတာက လိုချင်တာမှန်သမျှ အကုန်ဝယ်နေလို့ပါ။ လိုတာရှိနေလို့ Shopping လည်းထွက်ချင်တယ်၊ တခြားမလိုတာတွေပါ ဝယ်မိမှာလည်းကြောက်တယ်၊ ကိုယ့်စိတ်ကို မထိန်းနိုင်ဘူးဆိုတဲ့သူတွေ အများကြီးရှိမှာပါ။ ဒီလိုသူတွေအတွက် Shopping ထွက်ပေမယ့် လိုတာထက်ပိုမဝယ်မိအောင် တားဆီးပေးနိုင်မယ့် နည်းလမ်း ၅ မျိုးကို ပြောပြပေးလိုက်ပါတယ်။

ပိုက်ဆံအများကြီးမယူသွားပါနဲ့

ပိုက်ဆံအများကြီးယူသွားရင် ရှိသေးတာပဲ ဝယ်လို့ရသေးတာပဲဆိုပြီး ပါသလောက်ကို လိုချင်တာမှန်သမျှ ဝယ်မိနေမှာပါ။ ဒါကြောင့် လိုသလောက်ပဲ ချိန်ပြီးယူသွားပါ။ ပိုက်ဆံအများကြီး မယူသွားပါနဲ့။

Bank card တွေထားခဲ့ပါ

Bank card တွေထည့်ထားရင် လိုချင်လို့ ပိုက်ဆံမပါတော့ဘူးဆိုရင်တော့ bank card ပါနေတာပဲဆိုပြီး ဝယ်ချမိမှာပါ။ ဒါကြောင့် Bank Card တွေလည်း ထားခဲ့ပါ။

ပိုက်ဆံအသစ်တွေများများယူသွားပါ

တချို့ဆိုရင် ပိုက်ဆံအသစ်လေးတွေ သုံးရမှာကို အရမ်းနှမြောပါတယ်။ အသစ်လေးတွေဆို မသုံးပဲဖယ်ထားတတ်ပါတယ်။ အဟောင်းတွေဆိုရင်တော့ ကိုယ့်အိတ်ထဲမထားချင်လို့ ထုတ်သုံးကြတာပါ။ ဒါကြောင့် shopping ထွက်ရင် လိုတာထက်ပိုပြီး အများကြီးမဝယ်မိအောင် ပိုက်ဆံအသစ်တွေ များများသာထည့်သွားပါ။ နှမြောပြီး ဝယ်မိတော့မှာ မဟုတ်ပါဘူး။

Sale assistants တွေနဲ့အရမ်းမဖော်ရွေပါနဲ့

Sale assistants တွေကတော့ သူတို့တာဝန်အရ ဝယ်သူကို ဝယ်ချင်လာအောင် ပြောပြီး ဆွဲဆောင်ရမှာပါပဲ။ အဲ့မှာကိုယ်က အရမ်းဖော်ရွေပြီး ပြောသမျှနားထောင်၊ အကုန်လျှောက်ကြည့်နေရင် ဝယ်ချင်စိတ်တွေ ဖြစ်လာမှာပါပဲ။ ဒါကြောင့် ကိုယ့်စိတ်ကိုထိန်းချင်ရင် အရမ်းမဖော်ရွေပါနဲ့။ ကိုယ်ဝယ်စရာရှိတာဝယ်ပြီး သွားပါ။

Shopping cart size ကြီးတွေမရွေးပါနဲ့

ကိုယ်ဝယ်ထားတာတွေထည့်ဖို့အတွက် Shopping Cart ရွေးတဲ့အခါမှာ Size ကြီးတာကို မရွေးပါနဲ့။ ကြီးတာရွေးမိရင် ဆံ့သလောက်ကို ထည့်ဝယ်နေမိမှာပါ။ ဒါကြောင့် Size သေးတာလေးကိုင်ပြီး ကိုယ်လိုတာပဲဝယ်ပါ။