မိုးရာသီက အေးအေးလေးနဲ့နေလို့ကောင်းပေမယ့် ဆံသားခြောက်တဲ့သူတွေအတွက်က စိုထိုင်းဆများလာရင် ဆံပင်က မိုးရေနဲ့ထိတာတွေဖြစ်လာရင် အဆီပြန်တာ ၊ မွဲခြောက်တာ ၊ အစိုဓာတ်လုံးဝမရှိတော့တာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါတွေက ဆံသားခြောက်တာကို ပိုဆိုးစေပြီး ဆံပင်ကျွတ်တာ ပြတ်တာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီပြဿနာတွေကိုဖြေရှင်းဖို့ အထူးသဖြင့် ဆံသားခြောက်တဲ့သူတွေက မှန်ကန်တဲ့ထုတ်ကုန်ကိုသုံးဖို့ အရေးကြီးပါတယ်။ ဒါကြောင့် မိုးရာသီမှာ ခြောက်သွေ့ပျက်စီးနေတဲ့ ဆံကေသာတွေကို နူးညံ့ပျော့ပြောင်းတဲ့ ဆံကေသာဖြစ်စေဖို့ ဒီခေါင်းလျှော်ရည် (၅) မျိုးကို သုံးကြည့်ပါ။

Herbal Essences Moroccan Argan Oil Shampoo

ဒီခေါင်းလျှော်ရည်မှာပါတဲ့ Moroccan argan oil နဲ့ Antioxidant အများကြီးပါတဲ့ ပါဝင်ပစ္စည်းတွေက ဆံသားပျက်စီးတာကို ပြုပြင်ပေးပြီး ခြောက်သွေ့နေတဲ့ သင့်ဆံပင်ကို အစိုဓာတ်ဖြည့်ပေးကာ ချော့မွေ့စေပါတယ်။

Mamaearth Bhringamla Shampoo

ဆာလဖိတ်၊ ပါရာဘန်၊ ဆီလီကွန်လိုမျိုး အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းတွေမပါတဲ့ ဒီခေါင်းလျှော်ရည်က သင့်ဆံပင်ကို နက်ရှိုင်းစွာ အစိုဓာတ်ဖြည့်ပေးရုံသာမက ဆံသားကြီးထွားမှုကိုလည်း မြှင့်တင်ပေးပြီး ဆံပင်ကျွတ်ခြင်းကို သက်သာစေပါတယ်။

Wella Professionals Invigo Nutri-Enrich Shampoo

ဗီတာမင် E ၊ Goji Berry Extract နဲ့ Panthenol တို့ကောင်းတဲ့အရာတွေ အများကြီးပါတဲ့ ခြောက်သွေ့ပျက်စီးနေတဲ့ ဆံသားများကို ပြန်လည်အားဖြည့်ပေးပြီး မိုးရာသီမှာအဖြစ်များတဲ့ ဗောက်ဖြစ်နိုင်ချေကိုလည်း လျှော့ချပေးပါတယ်။ ဒီခေါင်းလျှော်ရည်က သင့်ဆံကေသာကို အတွင်းပိုင်းထိ သန်မာစေပြီး နောက်ထပ်မပျက်စီးအောင်လည်း ကာကွယ်ပေးပါတယ်။ ရလဒ်ကတော့ ဆံသားကို သိသိသာသာ နူးညံ့ချောမွေ့စေတာကို ခံစားရမှာပါ။

Olive Story Anti-Pollution Shampoo

ဒီခေါင်းလျှော်ရည်က ဆံသားခြောက်တာအတွက် အထူးထုတ်ထားတာပါ။ သံလွင်အဆီအနှစ်များ၊ baobab နဲ့ အပင် keratin တို့ရဲ့ကောင်းကျိုးတွေပေါင်းစပ်ထားတာမလို့ အာဟာရဓာတ်နဲ့ရေဓာတ်ကို ပေးစွမ်းပြီး ဆံပင်ကို ကျန်းမာတောက်ပြောင်စေပါတယ်။ ဒါ့အပြင် ဆံကေသာကို လေထုညစ်ညမ်းမှုဒဏ်မှလည်း ကာကွယ်ပေးတာကြောင့် မြို့ပြနေထိုင်သူများအတွက် သင့်တော်ပါတယ်။ ဒီခေါင်းလျှော်ရည်မှာလည်း sulfates နဲ့ parabens တွေ မပါတာမလို့ နူးညံ့ပြီး ထိရောက်တဲ့ သန့်စင်မှုအတွေ့အကြုံကို ရရှိစေမှာပါ။

Sebamed Anti-Dry Revitalizing Shampoo

ဒီခေါင်းလျှော်ရည်က ဆံသားအတွက် နက်ရှိုင်းတဲ့အာဟာရဓာတ်ကို ပေးပြီး ရာသီဥတုဒဏ်ကို ကာကွယ်ပေးပါတယ်။ Pea Protein, Soy Protein နဲ့ guar Seeds တို့လို ပါဝင်ပစ္စည်းတွေပါဝင်တာမလို့ ဆံကေသာကို အစိုဓာတ် ထိန်းပေးပြီး သဘာဝအတိုင်း ဟန်ချက်ညီစေပါတယ်။ pH-ဟန်ချက်ညီပြီး ဆပ်ပြာမပါတာကြောင့် Sensitive ဦးရေပြားပိုင်ရှင်တွေအတွက် သင့်တော်ပါတယ်။ သဘာဝအဆီများကို မဖယ်ရှားဘဲ ဆံပင်ကို ညင်သာစွာ သန့်စင်ပေးကာ  ကျန်းမာသန်စွမ်းစေပါတယ်။