Stress တွေမရှိစေဖို့အတွက် ကိုယ့်ကိုယ်ကို self care လုပ်ပေးဖို့ လိုပါတယ်။ ဒီလို self care လုပ်တဲ့အခါမှာ အရေးကြီးတာကတော့ ကိုယ့်အသားအရေနဲ့ ကိုယ့်စိတ်ကို ဂရုစိုက်ပေးဖို့ပါပဲ။ မိန်းကလေးတွေအတွက်တော့ အသားအရေမလှရင် စိတ်ညစ်ရပါတယ်။ ဒါကြောင့် အသားအရေနဲ့ကိုယ့်စိတ်ကို ပုံမှန်ဂရုစိုက်ပြီး လုပ်ဆောင်ပေးသင့်တဲ့အရာ ၅ ခုကို ပြောပြပေးလိုက်ပါတယ်။ ဒီအရာတွေကို ပုံမှန်လုပ်ပေးမယ်ဆိုရင်တော့ stress တွေလည်း လျော့ကျစေမှာပါ။

ရေဓာတ်ပြည့်ဝအောင်နေပါ

ရေများများသောက်ပြီး အသီးအရွက်နဲ့ အသီးအနှံတွေကို များများစားပေးမယ်ဆိုရင်တော့ ခန္ဓာကိုယ်က ရေဓာတ်ပြည့်ဝနေမှာပါ။ skincare လည်း သေချာလုပ်ပေးပြီး အသားအရေကို ထိန်းသိမ်းဖို့လိုပါတယ်။ ရေဓာတ်ပြည့်ဝနေမှာ အသားအရေလှမှာပါ။ အသားအရေလှနေရင် ဘယ်လောက်စိတ်ချမ်းသာရလဲဆိုတာကို မိန်းကလေးတွေသာ အသိဆုံးဖြစ်မှာပါ။

တရားထိုင်ပါ

တရားထိုင်ပေးခြင်းက စိတ်တည်ငြိမ်စေပြီး stress တွေလျော့ကျစေပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်းမလုပ်ဖြစ်ရင်တော့ နေ့တိုင်း အချိန်ပေးပြီး တရားထိုင်ပေးသင့်ပါတယ်။

ဘာမှမတွေးပဲစိတ်ကို relax လုပ်ပါ

အတွေးတွေများနေရင် စိတ်ပင်ပန်းရပါတယ်။ စိတ်ပင်ပန်းရင် ရုပ်ပါကျလာပါတယ်။ ဒါကြောင့် တစ်ခုခုဆိုရင် ဘာကိုမှ အကြာကြီးမတွေးပါနဲ့။ စိတ်ကိုအမြဲ relax လုပ်ပေးပါ။ mask ကပ်ပေးတာမျိုး၊ spa လုပ်ပေးတာမျိုးက relax ဖြစ်စေပါတယ်။

Exfoliate ပုံမှန်လုပ်ပါ

Exfoliate ပုံမှန်လုပ်ပေးမယ်ဆိုရင်တော့ ဆဲလ်သေတွေနဲ့ အညစ်အကြေးတွေကို ဖယ်ရှားပေးတဲ့အတွက် အသားကြည်ပြီး အသားအရေပိုလှလာစေပါတယ်။ ကိုယ်လိမ်းမယ့် skincare တွေရဲ့ effect လည်း ပိုထိရောက်စေပါတယ်။

အိပ်ရေးဝအောင်အိပ်ပါ

စိတ်ရောလူပါ လန်းဆန်းနေစေဖို့၊ stress တွေ ပိုမများလာစေဖို့၊ အသားအရေလှပနေစေဖို့ အိပ်ရေးဝအောင်အိပ်ဖို့လည်း လိုအပ်ပါတယ်။ အိပ်ရေးပျက်ရင် stress တွေ ပိုများလာစေပြီး အသားအရေလည်း ညစ်ညစ်ကြီး ဖြစ်နေတတ်ပါတယ်။