အားလုံးပဲ မင်္ဂလာပါနော်။ မနက်နိုးလို့ မှန်ကြည့်လိုက်တာနဲ့ ကိုယ့်ကိုယ်ကိုယ်ကျေနပ်ပြီး ယုံကြည်မှု အပြည့်ရှိချင်တယ်ဆိုရင် Self Care လုပ်ဖို့တော့ လိုပါမယ်နော်။ ကိုယ်တိုင်က အချိန်ပေးပြီး ဂရုစိုက်ပေးလေ စိတ်ရောကိုယ်ပါ ပျော်ရွှင်ပြီး အလှတိုးလေဖြစ်တာမို့ Self Care ပုံမှန်လုပ်တဲ့ အကျင့်ရှိထားတာက အကောင်းဆုံးပါပဲ။ ဒီတစ်ခေါက်မှာ ဘယ်အချိန်မှန်ကြည့်ကြည့် စိတ်ကြည်လင်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်ရှိနေဖို့ ကူညီပေးမယ့် Self Care လုပ်နည်းတွေကို ဖော်ပြပေးသွားမှာပါ။ ပျိုမေတိုင်းအတွက် အသုံးဝင်မယ့်အပြင် လုပ်ရလွယ်တဲ့နည်းတွေဖြစ်လို့ စိတ်ဝင်စားတယ်ဆို ဆက်ကြည့်လိုက်ပါနော်-

အိပ်ရေးဝဝအိပ်ခြင်း


အိပ်ရေးဝဝ အိပ်ပေးတာက စိတ်ရောကိုယ်ပါ ကျန်းမာလှပဖို့ Self Care လုပ်နည်းတစ်မျိုးပါပဲ။ အိပ်ရေးဝတဲ့အခါ ဟော်မုန်းလည်ပတ်မှုပုံမှန်ဖြစ်စေမယ့်အပြင် မနက်ပိုင်းမှာ စိတ်ကြည်ပြီး အာရုံပိုစိုက်နိုင်စေမှာပါ။ Stress လည်းနည်းတဲ့အပြင် အိပ်ရေးမဝလို့ အသားအရေထိခိုက်မှာလည်း စိတ်ပူစရာမလိုတော့ပါဘူး။

ရေများများသောက်ခြင်း


အကုန်အကျမရှိဘဲ Self Care လုပ်နိုင်မယ့်နည်းတစ်ခုကတော့ ရေများများသောက်ပေးတာပါ။ တစ်နေ့ကို ရေနှစ်လီတာ (သို့) ရှစ်ခွက်ပြည့်အောင်သောက်ပေးဖို့ လိုပါတယ်။ ခန္ဓာကိုယ်တွင်း အဆိပ်အတောက်ပြယ်ကာ အသားအရေကြည်လင်ပြီး Mood ကောင်းစေပါလိမ့်မယ်။

လေ့ကျင့်ခန်းလုပ်ခြင်း

ပုံမှန်လေ့ကျင့်ခန်းလုပ်တဲ့အကျင့်က ခန္ဓာကိုယ်အချိုးအစား ကျစ်လျစ်ဖို့ ထိန်းထားနိုင်မယ့်အပြင် ချွေးထွက်ရာတစ်ဆင့် အပူစင်ပြီး Stress လျော့စေတဲ့ ပျော်ရွှင်မှုဟော်မုန်းထွက်စေမှာပါ။ လေ့လာမှုတွေအရ ပုံမှန်လေ့ကျင့်ခန်းလုပ်ကျင့်ရှိသူတွေဟာ သာမာန်ထက် အသက်ရှည်ကျန်းမာကြတယ်လို့လည်း သိရပါတယ်။

တရားထိုင်ခြင်း


တရားထိုင်ပေးတာကလည်း စိတ်ကိုအနားပေးရာရောက်သလို လက်ရှိအချိန်ကိုပိုပြီး အာရုံစိုက်နိုင်စေတာမို့ အကျိုးရှိတဲ့ Self Care အလေ့အကျင့်တစ်ခုပါပဲ။ စိတ်ဖိစီးမှုလည်း ပြေတာမို့ တစ်နေ့မှာ ၁၀ မိနစ်လောက် တရားထိုင်ပေးတဲ့အကျင့်လုပ်ကြည့်ပါ။

Spa သွားခြင်း


Spa သွားပြီး ခန္ဓာကိုယ်ကို အနားပေးလိုက်တာကလည်း စိတ်ရောကိုယ်ပါ အပန်းပြေစေမယ့် နည်းလမ်းတစ်ခုဖြစ်တာမို့ Self Care အနေနဲ့ ရင်းနှီးပေးတာ မမှားပါဘူး။ တစ်လမှာ အနည်းဆုံးတစ်ကြိမ်လောက်တော့ Spa သွားပေးတာမျိုး လုပ်ကြည့်သင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar