အထူးသဖြင့် မိန်းကလေးတွေအတွက် အကြောင်းအမျိုးမျိုးကြောင့် lockdown ဖြစ်ပြီး အပြင်မသွားရပဲ အိမ်ထဲမှာပဲ နေရတဲ့အချိန်တွေမှာ ကိုယ့်အတွက်အကျိုးရှိစေမယ့် self-care activities (၅) ခုကို လုပ်ကြည့်သင့်ပါတယ်။

အိပ်ရေးဝဝအိပ်ပါ

အိမ်မှာပဲနေရတာဆိုတော့ အကျိုးရှိအောင် အိပ်ရေးဝဝသာအိပ်ပါ။ နေ့လည်ဘက်အားနေလည်း လုပ်စရာမရှိရင် အိပ်နေပါ။ အိပ်တာက အားရှိပါတယ်။ ဒါ့အပြင် အိပ်ရေးဝအောင်အိပ်ရင် စိတ်ကြည်လင်လန်းဆန်းပြီး အသားအရေလည်းလှပါတယ်။

Workout လုပ်ပါ

အားကစားအင်္ကျီတစ်စုံနဲ့ ယောဂဖျာတစ်ချပ်သာ ဝယ်ထားပါ။ ပြီးရင် အိမ်မှာပဲ youtube ကနေကြည့်ပြီး workout လုပ်ကြည့်ပါ။ စိတ်ပိုင်းဖြတ်ပြီးသာ သေချာလုပ်မယ်ဆိုရင် ကိုယ့်ခန္ဓာကိုယ်အတွက် သိသာတဲ့ပြောင်းလဲမှုကို ရရှိမှာပါ။ ဒါ့အပြင် အိမ်မှာပဲနေရလို့ ပျင်းနေချိန်လည်း လျော့သွားပါလိမ့်မယ်။ ကျန်းမာပြီး body လှလာပါလိမ့်မယ်။

Skincare

ပုံမှန် Skincare လိမ်းတာတွေအပြင် သဘာဝနည်းလမ်းတွေနဲ့ မျက်နှာပေါင်းတင်တာမျိုးတွေလည်း တစ်ပတ်မှာ ၂ ရက်လောက် လုပ်ပေးကြည့်ပါ။ အိမ်မှာအားနေတာဆိုတော့ အပျင်းလည်းပြေပြီး ဒီထက်လည်း အသားအရေပိုလှလာအောင် try ကြည့်သင့်ပါတယ်။

အပန်းဖြေပါ

အပြင်မထွက်ရပဲ အိမ်မှာပဲနေရလို့ စိတ်မညစ်ပါနဲ့။ အိမ်မှာပဲ ကိုယ့်ကိုယ်ကိုဖျော်ဖြေလို့ရတဲ့အရာတွေ အများကြီးပါ။ သီချင်းတွေနားထောင်ပါ။ ရုပ်ရှင်တွေကြည့်ပါ။ စာအုပ်ဖတ်ပါ။ အသစ်အဆန်းတွေကို youtube ကနေ လေ့လာပါ။

အိမ်ကိုပြင်ဆင်ပါ

အပြင်မထွက်ရလို့ မွန်းကြပ်ပြီး စိတ်တွေညစ်နေရင်၊ ပျင်းနေရင် ကိုယ့်အိမ်ကို ပြောင်းလဲကြည့်လိုက်ပါ။ ကိုယ့်အိမ်ကို အပြင်အဆင်တွေ ပြောင်းလဲတာမျိုး၊ အလှဆင်တာမျိုး၊ ရှုပ်ပွနေတွေရှင်းထုတ်တာမျိုး၊ အပင်လေးတွေစိုက်ထားမျိုး၊ ပန်းအိုးတွေအလှဆင်တာမျိုး လုပ်ကြည့်ပါ။ စိတ်ပျော်ရွှင်မှုရစေပါတယ်။