ငယ်ငယ်ရွယ်ရွယ် ချောေျချာလှလှလေးဖြစ်နေပေမယ့် ကိုယ့်ရဲ့လက်တွေက လူနဲ့မလိုက်အောင် ရင့်ထော်နေရင် ကြည့်မကောင်းဘူးပေါ့။ အထူးသဖြင့် မိန်းကလေးတွေရဲ့ အလှက မျက်နှာမှာတင်မဟုတ်ပဲ သူမရဲ့အသားအရေမှာပါ ကိန်းအောင်နေတယ်ဆိုတာကိုတော့ လက်ခံလိုက်ပါ။

တချို့မိန်းကလေးတွေဆိုရင် လက်ကလေးတွေ ဖွေးဥနုဖတ်လို့ အသက်ပိုငယ်သွားတယ်တောင်ထင်ရလောက်အောင်ပါပဲ။ ဒါဆို ဘာမှမလုပ်ပဲအလှကြည့်ရမယ်လို့လည်းမဆိုလိုပါဘူး။ ဒီနည်း(၅)နည်းကိုသာ ဂရုတစိုက်လိုက်နာမယ်ဆိုရင် လက်နုနုဖွေးဖွေးလေးကို ရရှိနိုင်မှာပါ။

၁။လက်ဆေးတဲ့အခါ သတိပြုမယ်

  • ဆပ်ပြာနဲ့မကြာခဏဆေးခြင်းက လက်ကိုအစိုဓာတ်ခမ်းလာစေပြီး ခြောက်သွေ့စေပါတယ်။ပိုးသတ်ဆပ်ပြာတွေကို မလိုအပ်ပဲ မသုံးပါနဲ့။ ရေမွေးလည်းရှောင်ပါ။ ဘာကြောင့်လည်းဆိုတော့ အဲ့ဒါတွေက အရေးပြားကိုယားယံလာစေနိုင်လို့ပါ။ အဲ့ဒီ့အစား J0j0ba ဆီ၊ သံလွင်ဆီနဲ့ ရှားစောင်းလက်ပက်နဲ့အခြေခံထုတ်လုပ်ထားတဲ့ ဆပ်ပြာတွေကိုသာသုံးပေးပါ။
  • လက်ဆေးတဲ့အခါ ရေနွေးနဲ့ဆေးလို့ရပေမယ့် ရေခပ်ပူပူနဲ့ဆေးတာကိုတော့ရှောင်ပေးပါ။
  • လက်ရေစိုတဲ့အခါ လက်အခြောက်ခံစက်ကိုအသုံးမပြုပဲ တစ်သျှူးသာအသုံးပြုပြီးသုတ်ပေးပါ။

၂။ လက်အိတ်အသုံးပြုပါ။

လက်အရေပြားအဓိကပျက်စီးရတဲ့အကြောင်းက အပူ၊အအေးနဲ့ ဓာတုပစ္စည်းတွေ ထိတွေ့မှုကြောင့်ပါပဲ။ဒါကြောင့်လိုအပ်ရင်လက်အိတ်အသုံးပြုပါ။

  • ရာသီဥတုအေးတဲ့အခါ သိုးမွေး (သို့) အနွေးလက်အိတ်ဝတ်ပါ။
  • ပန်းကန်ဆေးတာ၊ ကြမ်းတိုက်တာ စတဲ့အိမ်အလုပ်တွေလုပ်တဲ့အခါမှာ ရာဘာလက်အိတ်ဝတ်ပေးပါ။

၃။ Moisturizer သုံးပေးပါ။

လိုအပ်တဲ့အခါတိုင်း Moisturizer ခရင်မ်သုံးပေးပါ။ အထူးသဖြင့်ညအိပ်ခါနီးမှာလိမ်းပြီးတဲ့အခါ လက်အိတ်စွပ်ပြီးအိပ်ပါ။ လက်သည်းလေးတွေမှာပါလိမ်းဖို့မမေ့ပါနဲ့။

၄။ Scrub လုပ်ပေးပါ။

စိုပြေလှပတဲ့လက်အစုံလိုချင်ရင်တော့ တစ်ပတ်တစ်ခါလောက် လက်ကို Scrub လုပ်ဖို့မမေ့ပါနဲ့။

  • ထောပတ်သီးတစ်ခြမ်း၊ ကြက်ဥအနှစ်နဲ့ သံပုရာရည်တစ်ဇွန်းကိုသေချာရောမွှေပြီး လက်မှာလိမ်းပေးပါ။ မိနစ်၂၀လောက်ထားပေးပါ။
  • သံလွင်ဆီနဲ့သကြားရောပြီး Scrub အနေနဲ့လည်းသုံးလို့ရပါတယ်။

၅။နေလောင်ဒဏ်ကာ ခရင်မ်သုံးပေးပါ။

လက်တွေညိုမဲနေရတာဟာ တစ်နည်းအားဖြင့်နေလောင်ဒဏ်ခံနေရလို့ပါ။

  • နေလောင်ဒဏ်ကာခရင်မ်ကိုပုံမှန်လိမ်းပေးပါ။
  • Citrus ပါတဲ့အသီးတွေကလည်း အသားအရေကိုဖြူလာစေပါတယ်။ ဒါကြောင့်သံပုရာရည် ၁ဇွန်း၊ နို့ ၁ဇွန်း၊ ပျားရည် ၁ဇွန်းကိုရောမွှေပြီးလက်မှာ ပုံမှန်လိမ်းပေးခြင်းက လက်အသားအရေကိုဖြူလာစေပါတယ်။

စာဖတ်ပရိတ်သတ်တို့လည်း လက်ကလေးတွေကို ဖြူဖွေးနုဖတ်လာစေမယ့်လျှို့ဝှက်ချက်နည်းလမ်းလေးတွေကို သိကြပြီဆိုတော့ နောက်တစ်ခါ သတိပြုပြီး ကျန်းမာနုပျိုတဲ့အသားအရေပိုင်ဆိုင်နိုင်ကြပါစေ။

Source: Bright Side