အလှအပနဲ့ ပတ်သက်လာရင် ကိုရီးယားမင်းသမီးလေးတွေရဲ့အသားအရေအလှအပက မိန်းကလေးချင်း အားကျရလောက်တဲ့အထိ လှပလွန်းလှပါတယ်။ စာဖတ်သူ ပျိုမေလေးတို့လည်း ကိုရီးယားမင်းသမီးလေးလို လှပတဲ့ အလှပိုင်ရှင်တစ်ယောက်ဖြစ်နိုင်ပါတယ်။

အဓိက သော့ချက်ကတော့ ထိုကဲ့သို့ လှပလာအောင် ကူညီပေးမယ့် လျှို့ဝှက်ချက်များကို သိရှိထားဖို့ပါပဲ။ ကိုရီးယားမင်းသမီးလေးလို သဘာဝအလှပိုင်ရှင်တစ်ယောက်ဖြစ်လာဖို့ ဘယ်လိုလျှို့ဝှက်ချက်တွေကို သိထားသင့်သလဲ။

ဆီ အသုံးပြုပါ

သဘာဝဆီတွေဖြစ်တဲ့ အုန်းဆီ၊ သံလွင်ဆီ၊ ထောပတ်သီးအဆီတွေကို သင့်မျက်နှာအတွက်သာမက ခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ့ အသားအရေအတွက် အသုံးပြုနိုင်ပါတယ်။ ထိုသဘာဝအဆီများက ပျက်စီးနေတဲ့အသားအရေကို ပြန်လည်ကျန်းမာလှပစေပြီး လှပစိုပြေတဲ့အသားအရေပိုင်ရှင်ဖြစ်အောင် ကူညီပေးနိုင်ပါတယ်။

အသားအရေ မညီမညာဖြစ်ခြင်းမှ ကာကွယ်ဖို့ရန်အတွက်

နေလောင်ဒဏ်ကြောင့် ခန္ဓာကိုယ်ရဲ့အချို့နေရာက မဲညစ်နေပြီး အချို့နေရာတွေကတော့ ဖြူဆွတ်နေတတ်ပါတယ်။ ဒီလိုအသားအရေ မညီမညာဖြစ်ခြင်းကို ပြန်လည်ကုသဖို့အတွက်ဆိုရင် တစ်ပတ် နှစ်ကြိမ်ခန့် ပုံမှန် ကြေးချွတ်ဖို့ လိုအပ်ပါတယ်။

ယနေ့ခေတ်မှာတော့ Body Scrub အမျိုးမျိုးကို ဈေးကွက်မှ အလွယ်တကူဝယ်ယူနိုင်ပြီမို့ အရင်လို ခက်ခက်ခဲခဲ ဖော်စပ်နေစရာ မလိုတော့ပါဘူး။

အသားအရေ လှပဖို့အတွက် ဆန်ဆေးရေ အသုံးပြုလိုက်ပါ

ဆန်ဆေးရေက အသားအရေအတွက်သာမက ဆံကေသာ ကျန်းမာလှပဖို့အတွက်ပါ ကူညီပေးပါတယ်။ သင့်မျက်နှာကို ဆန်ဆေးရေဖြင့် ပုံမှန်မျက်နှာသစ်ပေးတဲ့အခါ အသားအရေက နူးအိချောမွတ်လာပါလိမ့်မယ်။

ခေါင်းလျှော်ပြီးတိုင်းမှာ ဆန်ဆေးရေဖြင့် နောက်ဆုံးတစ်ကြိမ် လျှော်ချပေးလိုက်မယ်ဆိုရင် သင့်ဆံကေသာက ပိုးသားလေးလို နူးညံ့တောက်ပြောင်လာပါလိမ့်မယ်။

အသားအရေကို နေလောင်ဒဏ်မှ ကာကွယ်ဖို့ရန်အတွက်

နွေ၊ မိုး၊ ဆောင်း သုံးရာသီစလုံး နေလောင်ကာခရင်မ်လိမ်းဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် အပြင်သွားခါနီးတိုင်းမှာ နေကာမျက်မှန် တပ်သွားပါ။ ဦးထုပ် (သို့) ထီး အမြဲတမ်းဆောင်းခြင်းဖြင့် သင့်အသားအရေကို နေလောင်ဒဏ်မှ ကာကွယ်ပါ။

တစ်ပတ် နှစ်ကြိမ်ခန့် မျက်နှာပေါင်းတင်ပါ

သင့်မျက်နှာလေး ဖြူဝင်းလှပနေစေဖို့အတွက် မျက်နှာပေါ်မှာ ကပ်ငြိနေတဲ့ ချေးညှော်များကို ဖယ်ရှားပေးဖို့ လိုအပ်ပါတယ်။ မိမိအသားအရေ အဆီပြန်တဲ့အသားအရေလား။ အသားခြောက်တတ်သူလား (သို့) ဝက်ခြံပေါက်တဲ့အသားအရေလား စသည်ဖြင့် မိမိအသားအရေပေါ် မူတည်ပြီး ကိုယ့်အသားအရေအတွက် ထုတ်ထားတဲ့ မျက်နှာပေါင်းတင်ကပ်ခွာများ ဝယ်ယူကာ တစ်ပတ် နှစ်ကြိမ်ခန့် ပေါင်းတင်ပေးဖို့ လိုအပ်ပါတယ်။

ဒီအချက်မျာကို ပုံမှန်အတိုင်း ပြုလုပ်မယ်ဆိုရင်တော့ သင့်အသားအရေလေးက ကိုရီးယားမင်းသမီးလေးလို ဖြူဖွေးဝင်းပလာပါလိမ့်မယ်။

Source: Brightside.me