သွားဖြူဖြူလေးတွေပိုင်ဆိုင်ထားမှသာ ရီလိုက်တိုင်း တောက်ပတဲ့အပြုံးလေးတွေ ပိုင်ဆိုင်နိုင်မှာပါ။ ဒါကြောင့် သဘာဝအတိုင်းဖြူစင်တဲ့ သွားတွေကို ပိုင်ဆိုင်နိုင်ဖို့ လိုက်နာရမယ့်အချက်လေးတွေ ဖော်ပြပေးလိုက်ပါတယ်။

ခံတွင်းသန့်ရှင်းရေး

ခံတွင်းသန့်ရှင်းရေးက ကျန်းမာပြီးဖြူဖွေးတဲ့သွားတွေ ပိုင်ဆိုင်ဖို့အတွက် အခြေခံအုတ်မြစ်ပါ။ ဒါကြောင့် ဖလိုရိုက်သွားတိုက်ဆေးနဲ့ အနည်းဆုံး တစ်နေ့နှစ်ကြိမ် တိုက်ပေးပါ။ တိုက်တဲ့အခါ သွားရဲ့ မျက်နှာပြင်နဲ့ သွားဖုံးတစ်လျှောက်ကို အနည်းဆုံး နှစ်မိနစ်ကြာအောင် သေချာတိုက်ပေးပါ။

မျှတတဲ့အစားအစာ

သွားကျန်းမာရေးအတွက် အစားအသောက်ကလည်း အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ တချို့အစားအစာတွေက သွားကြွေလွှာများကို တိုက်စားနိုင်ပြီး အရောင်ပြောင်းစေနိုင်တာကြောင့် အချိုချဉ် အစားအစာများနဲ့ အချိုရည်များကို အလွန်အကျွံ စားသုံးခြင်းမှ ရှောင်ကြဉ်ပါ။

ရေဓာတ်

ရေက အလုံးစုံကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်ရုံသာမက သွားများကို ဖြူဖွေးစေဖို့အတွက်ပါ အကျိုးပြုပါတယ်။ တစ်နေ့လုံး ရေများများသောက်ပေးရင် အစာအမှုန်အမွှားများကို ဖယ်ရှားပေးပြီး ခံတွင်းအတွင်းရှိတဲ့ အချဉ်ဓာတ်ကို ချေဖျက်ပေးတာကြောင့် သွားပိုးစားခြင်နဲ့ အရောင်ပြောင်းခြင်း ဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။

Coloring Agents

တချို့အရာတွေက အချိန်ကြာလာတာနဲ့အမျှ သွားများကို စွန်းထင်းစေနိုင်တာကြောင့် တောက်ပတဲ့ အပြုံးတစ်ခုအတွက် အဟန့်အတားဖြစ်စေပါတယ်။ ကော်ဖီ၊ လက်ဖက်ရည်၊ ဝိုင်နီနဲ့ ကာဗွန်နိတ်အချိုရည်တွေက သွားတွေမှာ အကျည်းတန်တဲ့ အစွန်းအထင်းတွေ ဖြစ်စေတတ်တာကြောင့် စားသုံးမှုကို လျှော့ချပါ။

ပုံမှန်စစ်ဆေးပါ

ပုံမှန်သွားနှင့်ခံတွင်းစစ်ဆေးခြင်းနဲ့ ပရော်ဖက်ရှင်နယ်သန့်ရှင်းရေးတွေရဲ့ အရေးပါမှုကို လျှော့မတွက်ပါနဲ့။ အိမ်မှာဘယ်လိုပဲ သေချာဂရုစိုက်ပါစေ သွားဖုံးပြဿနာကို ဖြစ်စေတဲ့ သွားချေးလွှာနဲ့ သွားချေးများ ဖြစ်ပေါ်လာနိုင်တာကြောင့် သွားဆရာဝန်နဲ့ ခြောက်လတစ်ကြိမ် ပြသတာက ဖြစ်နိုင်ချေရှိတဲ့ ပြဿနာများကို စောစီးစွာသိရှိနိုင်ပြီး သွားများကို ပိုမိုသန့်ရှင်းတောက်ပစေပါတယ်။