ဆံပင်သန်စွမ်းကျန်းမာစေဖို့ တကယ်ထိရောက်တဲ့ နည်းလမ်းတွေဖြစ်ပေမယ့် သိပ်ပြီးသတိမထားမိကြတာမျိုး ရှိပါတယ်။ ဒါကြောင့် ဒီနည်းလမ်းကောင်း ၅ မျိုးကို မျှဝေပေးလိုက်ပါတယ်။

ကြက်သွန်နီအရည်

ကြက်သွန်နီကို ကြိတ်ပြီး အရည်ရအောင်ညှစ်ချပါ။ ရလာတဲ့အရည်ကိုမှ ဦးရေပြားမှာ နှံ့အောင်ပွတ်လိမ်းပေးပါ။ ၁ နာရီလောက်ထားပြီးမှ ခေါင်းလျှော်ချပါ။ ဒီနည်းလမ်းကို တစ်ပတ်တစ်ကြိမ် (သို့) တစ်ပတ် ၂ ကြိမ် ပုံမှန်လုပ်ပေးမယ်ဆိုရင်တော့ လအနည်းငယ်အတွင်းမှာပဲ ဆံပင်သိသိသာသာ ကောင်းလာပြီး ဆံသားသန်စွမ်း ကျန်းမာလာမယ်၊ ဆံပင်အရှည်မြန်လာပါမယ်။

ဦးရေပြား Massage လုပ်ပေးပါ။

နေ့တိုင်း ဦးရေပြားကို လက်ချောင်းလေးတွေနဲ့ massage လုပ် နှိပ်နယ်ပေးပါ။ ဒီလိုလုပ်ပေးခြင်းက ဦးရေပြား သွေးလည်ပတ်မှု ကောင်းမွန်စေလို့ ဆံပင်အရှည်မြန်စေတယ်၊ ဆံပင်သန်စွမ်းကျန်းမာစေပါတယ်။

Rosemary oil သုံးပါ

Rosemary oil ကို ဦးရေပြားမှာ အစက်ချလိမ်းပြီး နှိပ်နယ်ပေးရင်လည်း ဆံပင်သန်စွမ်းကျန်းမာစေပါတယ်။ ဆံပင်ပါးတဲ့သူဆို ဆံပင်အုံထူလာစေပါတယ်။ ဆံပင်ကျွတ်ပြီး ထိပ်ပြောင်နေတာဆိုလည်း ဆံပင်ပြန်ပေါက်လာစေပါတယ်။

ရေကိုစစ်သုံးပါ

တစ်ခါတစ်လေကျရင် ဆံပင်ကျွတ်တာ၊ ဆံပင်ကြမ်းတာတွေက ကိုယ်သုံးနေတဲ့ရေကြောင့်လည်း ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် ရေကိုစစ်ပြီး ခေါင်းလျှော်တာမျိုး လုပ်ကြည့်ပါ။ ရေမသန့်တာကြောင့် ဆံပင်ကျွတ်တာ၊ ကြမ်းတာ၊ ဆံပင်နှစ်ခွဖြစ်တာတွေ ဖြစ်တတ်ပါတယ်။

ဆံပင်ကိုဖြေးဖြေးချင်းဖြီးပါ

ဆံပင်ကို ကြမ်းကြမ်းတမ်းတမ်းဖြီးရင် ဆံသားပျက်စီးစေပါတယ်။ ဒါကြောင့် ဒီအချက်ကိုလည်း မေ့ထားလို့မဖြစ်ပါဘူး။ ဆံပင်ကို ဖြေးဖြေးချင်းစီရှင်းပြီး ဖြီးပေးပါ။ ဒီလိုဖြေးဖြေးချင်းစီ သေချာဖြီးပေးရင် ဆံပင်ကျွတ်တာသက်သာမယ်၊ ဆံပင်ပျက်စီးတာ သက်သာမယ်၊ ဆံသားနာတာ သက်သာပါမယ်။