အားလုံးပဲ မင်္ဂလာပါ။ ယနေ့ခေတ်မိန်းမပျိုလေးတွေက အလှအပနဲ့ ပတ်သက်တဲ့ဗဟုသုတ တော်တော်များများကို သိထားကြပါတယ်။

မိတ်ကပ်လိမ်းမယ်ဆိုလည်း မိတ်ကပ်ကျူတိုရီယယ်တွေကြည့်ပြီး လှလှပပလေး ဘယ်လိုပြင်ရမလဲ၊ ဘယ်လို အလှကုန်ပစ္စည်းတွေက ကိုယ့်အသားအရေနဲ့ လိုက်ဖက်မလဲဆိုတာကိုလည်း သိထားကြပါတယ်။

ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် တစ်ခါတလေမှာ ကိုယ်သိထားတဲ့ အကြောင်းအရာလေးတွေက မှားယွင်းတတ်တာမျိုးဖြစ်တတ်ပါတယ်။ အဲ့ဒီအမှားလေးတွေကို ရှောင်ကြဉ်နိုင်မှသာ ပြီးပြည့်စုံတဲ့အလှပိုင်ရှင်ဖြစ်မှာပါ။

အနီရောင်နှုတ်ခမ်းနီက လူတိုင်းနဲ့ မလိုက်ဖက်ဘူးဆို

လူပြောများတဲ့ ဒီအယူအဆလေးက ရာနှုန်းပြည့်မှားပါတယ်။ အနီရောင်နှုတ်ခမ်းနီလေးက လူတိုင်းနဲ့လိုက်ဖက်ပါတယ်။

မာစကာရာဘရက်ရှ်က ခြောက်သွားရင် လွှင့်ပစ်လိုက်ရမှာလား။

မာစကာရာဘရက်ရှ်လေးတွေကို ၃ လကြာ အသုံးပြုနိုင်ပါတယ်။ ၃ လ ထက်ကျော်သွားရင်တော့ လွှင့်ပစ်လိုက်ရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ မျက်လုံးထဲ ဘက်တီးရီးယားပိုးမွှားတွေ ဝင်ရောက်နိုင်လို့ပါ။

အိပ်ယာမဝင်ခင်မှာ မိတ်ကပ်ဖျက်ပြီးမှ အိပ်ရမယ်ဆို

ဟုတ်ပါတယ်။ အိပ်ယာဝင်ခါနီးမှာ မိတ်ကပ်ဖျက်ကို ဖျက်ပစ်ရပါမယ်။ တကယ်လို့ မိတ်ကပ်မဖျက်ဘဲ အိပ်မယ်ဆိုရင်တော့ ချွေးပေါက်လေးတွေက ပိတ်နေပြီး အသားအရေခြောက်သွေ့ခြင်းနဲ့ အလှအပကို ထိခိုက်ပျက်စီးစေပါတယ်။

အလှကုန်ပစ္စည်းတွေက ဒိတ်မကုန်ခင် ပျက်စီးနိုင်ပါသလား

အလှကုန်ပစ္စည်းတွေကို အသုံးမများဘူးဆိုရင်တောင် စနစ်တကျသိမ်းထားရပါမယ်။ တစ်ချို့အလှကုန်ပစ္စည်းတွေက မှောင်ပြီး နွေးတဲ့အပူချိန်မှာ မထားရပါဘူး။ နို့မဟုတ်ရင် သတ်မှတ်ရက်မတိုင်ခင်မှာပဲ အလှကုန်ပစ္စည်းက သုံးမရဘဲ လွှင့်ပစ်လိုက်ရပါလိမ့်မယ်။

Moisturizing ခရင်မ်နဲ့ Primer က အာနိသင်အတူတူပဲလား

မိတ်ကပ်လိမ်းတဲ့အခါ Moisturizing ခရင်မ်ကို အရင်လိမ်းပေးပြီးမှ Primer လိမ်းပေးရပါမယ်။ Moisturizing ခရင်မ်ကတော့ အသားအရေကို မခြောက်သွေ့အောင် ရေဓာတ်ထိန်းပေးထားပြီး Primer ကတော့ လိမ်းထားတဲ့မိတ်ကပ်လေး တာရှည်ခံအောင် ပြုလုပ်ပေးပါတယ်။

Source: Brightside.me