Hair Mask က ဆံပင်အတွက်ကောင်းတယ်ဆိုပြီး တော်တော်များများက Hair Mask ကို ခေါင်းလျှော်ပြီးတိုင်း သုံးနေကြပေမယ့် သုံးရမယ့်ပုံစံတွေ လွဲနေတတ်ကြပါတယ်။ တကယ်လို့ အိမ်မှာ Hair Mask သုံးမယ်ဆိုရင် ဒီအချက်တွေကိုတော့ မဖြစ်မနေ သိထားရမှာပါ။

အကြိမ်ရေ

Hair Mask ထက် ပိုကောင်းတဲ့ Hair Care Product မရှိပါဘူး။ တစ်ပတ်မှာ တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် သုံးပေးပါ။ ဒါမှ ဆံသားကျန်းမာဖို့ လိုအပ်တဲ့ အာဟာရဓာတ်တွေ ဖြည့်တင်းပေးနိုင်မှာပါ။

Instructions

Hair Mask သုံးတဲ့အခါ သုံးပုံသုံးနည်းတွေက ဆံသားအခြေအနေပေါ်မူတည်ပြီး အမျိုးမျိုးကွဲနေတတ်တာမလို့ သူ့မှာပါတဲ့ အညွှန်းကို သေချာဖတ်ပြီး သူပြောထားတဲ့အတိုင်း သုံးပေးပါ။

ကျော်သုံးတာ

Hair Mask သုံးတဲ့အခါ ခေါင်းလျှော်ပြီးမှ သန့်သွားတဲ့ဆံပင်ပေါ်မှာ သုံးတာက အကောင်းဆုံးပါ။ မဟုတ်ရင် ကိုယ်လိုချင်တဲ့ရလဒ်ကို ရမှာမဟုတ်ပါဘူး။

ဉီးရေပြား

Hair Mask သုံးတဲ့အခါ Conditioner လိုဘဲ ဆံသားကိုသေချာနှံ့အောင်လိမ်းပေးဖို့ လိုအပ်ပေမယ့် ဉီးရေပြားနဲ့ ဆံပင်အရင်းအထိ လိမ်းတာမျိုး ရှောင်ကြဉ်ပါ။

ခေါင်းဖြီး

Hair Mask တိုင်းက ဆံသားအားလုံးဆီကိုသေချာနှံ့စပ်အောင် ရောက်ဖို့အတွက် Hair Mask သုံးပြီးတာနဲ့ ဘီးကိုသုံးပြီး ခေါင်းဖြီးပေးပါ။ ဒါမှ ဆံသားအားလုံးက လိုအပ်တဲ့အာဟာရကို ရမှာပါ။