မိန်းကလေးတိုင်းအတွက် အလုပ်နားတဲ့ရက်တွေမှာ အပြင်မသွားဖြစ်လည်း အိမ်မှာနေပြီး အေးဆေးအနားယူကာ အပန်းဖြေလို့ရမယ့်အရာ ၆ ခုကို ပြောပြပေးလိုက်ပါတယ်။ ဒီအရာတွေကိုသာ ကိုယ်လုပ်နိုင်သလောက် လုပ်မယ်ဆိုရင်တော့ စိတ်ရောလူပါ relax ဖြစ်ပြီး စိတ်ပျော်ရွှင်မှုရစေမှာပါ။

ရုပ်ရှင်ကြည့်ပါ

အလုပ်နားရတဲ့ရက်မှာ အိမ်မှာနေပြီး ကော်ဖီလေးသောက်၊ မုန့်လေးစားပြီး ရုပ်ရှင်ထိုင်ကြည့်ရတာက အရမ်းမိုက်ပါတယ်။ အလုပ်မအားလို့ မကြည့်ရသေးတဲ့ဇာတ်ကားတွေကို အေးဆေးထိုင်ကြည့်ဖို့ အချိန်ရသွားတာပေါ့။

စာအုပ်ဖတ်ပါ

စာအုပ်ဖတ်ရတာ ဝါသနာပါတဲ့သူဆိုရင် ကော်ဖီလေးတစ်ခွက်နဲ့ စာဖတ်တာမျိုးလုပ်ပေးလို့ရပါတယ်။ စိတ်ပျော်ရွှင်မှုရစေမှာပါ။ စာအုပ်ဖတ်ရတာဝါသနာမပါတဲ့သူတွေဆိုလည်း ကိုယ့်အတွက် အကျိုးရှိစေမယ့် စာအုပ်တွေကို ဖတ်သင့်ပါတယ်။ အလုပ်နားတဲ့တစ်ရက်မှာ စာအုပ်တစ်အုပ်ကို ပြီးအောင်ဖတ်နိုင်ရင် အကောင်းဆုံးပါပဲ။

Body spa, scrub လုပ်ပါ

တစ်ပတ်တစ်ခါ အသားအရေကို care ပေးရင် အကောင်းဆုံးဖြစ်တာကြောင့် အလုပ်နားတဲ့ရက်တွေ အိမ်မှာပဲ ဝိုင်လေးသောက်ပြီး body spa လုပ်တာမျိုး၊ body scrub လုပ်တာမျိုး၊ မျက်နှာ scrub လုပ်၊ ပေါင်းတင်တာမျိုးတွေကို လုပ်ပေးပါ။ စိတ်လည်း relax ဖြစ်စေသလို ကိုယ်တိုင်လည်း ပိုလှလာစေပါတယ်။

အိပ်ရေးဝအောင်အိပ်ပြီးအေးဆေးအနားယူပါ

အလုပ်နားတဲ့ရက်မှာ စိတ်ပင်ပန်းစေတဲ့အရာအားလုံးကိုမေ့ပြီး ဘာကိုမှမစဉ်းစားပဲ အေးဆေးအနားယူပါ။ ခွေးလေး၊ ကြောင်လေးတွေမွေးထားရင် သူတို့လေးတွေနဲ့လည်း အချိန်ကုန်ပါ။ မိသားစုတွေ တစ်ခုခုလုပ်စားကြတာမျိုးလည်း လုပ်ပေးလို့ရပါသေးတယ်။ ဒီလိုလုပ်တာဟာ စိတ်ဖိစီးမှုတွေကို မေ့သွားစေပါတယ်။

ယောဂကျင့်ပါ

ယောဂကျင့်ပေးတာက ခန္ဓာကိုယ်ပေါ့ပါးလန်းဆန်းစေသလို စိတ်လည်းတည်ငြိမ်စေတယ်။ stress တွေအားလုံးလည်း လျော့ကျသွားစေတယ်။ သွေးလည်ပတ်မှုလည်း ကောင်းမွန်စေတာကြောင့် အလုပ်လုပ်နေတဲ့သူတွေ မဖြစ်မနေလုပ်သင့်ပါတယ်။ နေ့တိုင်းမလုပ်နိုင်ရင်တောင် ကိုယ့်အားလပ်ရက်မှာတော့ အချိန်ပေးပြီး ယောဂကျင့်ပေးပါ။