ဝိတ်ကျချင်ပေမယ့် ဝိတ်မကျပဲ တစ်နေ့ထက်တစ်နေ့ ဝိတ်ပိုတက်လာရတဲ့ အဓိကအကြောင်းအရင်း ၅ ခုကို ပြောပြပေးလိုက်ပါတယ်။ တစ်ခါတစ်လေကျရင် ဝိတ်ကျအောင် အစားရှောင်ပေမယ့် ဝိတ်မကျဘူးဆိုတာမျိုး ဖြစ်ဖူးမှာပါ။ ဒါဆိုရင်တော့ ဒီအချက်တွေထဲက ဘယ်နှစ်ချက်နဲ့ ကိုက်ညီနေလဲဆိုတာကို စစ်ကြည့်ပြီး ဆင်ခြင်မယ်ဆိုရင် အဆင်ပြေသွားမှာပါ။

Stress များခြင်း

အစားလည်းရှောင်နေပေမယ့် ကိုယ့်မှာ Stress တွေ အရမ်းများတဲ့အခါ၊ စိတ်ဖိစီးမှုနဲ့ Stress တွေကို ခံစားရတဲ့အချိန်က ကြာမြင့်လာတဲ့အခါမျိုးမှာ အရင်ထက်အများကြီး ဝိတ်တက်ပြီး ဝလာတာမျိုးတွေ ဖြစ်တတ်ပါတယ်။ တချို့ကျတော့လည်း Stress ကြောင့် ပိန်သွားတာမျိုး ရှိပါတယ်။ တစ်ယောက်နဲ့တစ်ယောက်တော့ မတူပါဘူး။

အထိုင်များခြင်း

အစားရှောင်ပေမယ့်လည်း အထိုင်များနေရင် ဝိတ်မကျပါဘူး။ ဝိတ်ကျရင်တော့ ဗိုက်နဲ့ခါးက အဆီတွေကတော့ ကျမသွားပဲ ပိုတိုးလာမှာပါ။ လှုပ်ရှားမှုနည်းပြီး အထိုင်များတဲ့သူတွေက ဘယ်လောက်ပိန်ပိန် ဗိုက်နဲ့ခါးမှာ အဆီစုလာပါတယ်။ စားပြီးတာနဲ့ တန်းထိုင်တာမျိုး၊ တစ်ချိန်လုံးလှဲပြီး ဖုန်းသုံးနေတာမျိုးတွေကလည်း လှုပ်ရှားမှုနည်းလို့ ဝိတ်တက်၊ အဆီတက်စေပါတယ်။

လေ့ကျင့်ခန်းလုပ်ရမှာပျင်းခြင်း

လေ့ကျင့်ခန်းလုပ်ရမှာ ပျင်းနေရင်တော့ တော်ရုံနဲ့ ဝိတ်မကျပါဘူး။ ဆေးသောက်ပြီး ဝိတ်ချရင်တော့ လေ့ကျင့်ခန်းလုပ်ပြီး ဝိတ်ချသလိုမျိုး ပြေပြစ်ကျစ်လစ်ပြီး မလှပါဘူး။ ဒါကြောင့် အချိန်မပေးနိုင်ရင် အိမ်မှာပဲလုပ်လို့ရတဲ့ လေ့ကျင့်ခန်းတွေကို ရှာပြီးလုပ်ကြည့်ပါ။

အိပ်စက်ချိန်နည်းခြင်း

အိပ်ရေးပျက်တာများရင်၊ အိပ်စက်ချိန် လုံလောက်မှုမရှိရင်လည်း ဝိတ်မကျနိုင်ပါဘူး။ တချို့ဆို ဝိတ်ပိုတက်လာတာတွေတောင် ရှိပါတယ်။

အဆီအစိမ့်တွေစားခြင်း

ဝိတ်ချဖို့ ထမင်းမစားဘူးဆိုပြီး သွားရည်စာတွေ၊ အဆီအစိမ့်တွေ လျှောက်စားနေရင်တော့ ဝိတ်မကျပဲ ပိုတက်လာမှာပါ။ ဒါကြောင့် အဆီအစိမ့်စားတာတွေ လျှော့ဖို့လိုပါတယ်။