ပျမ်းမျှအားဖြင့် လူတစ်ယောက်က တစ်နေ့မှာ ၁၅ ခါ လေလည်တယ်လို့ ဆိုထားပါတယ်။ အများဆုံးကတော့ အခါ ၄၀ ပါ။ တစ်ခါတလေ လေလည်သံက ကျယ်သွားတတ်တာကြောင့် လူကြားထဲ ရောက်တဲ့အချိန်ဆိုရင် မပေါက်ဘဲနဲ့ အောင့်ထားတတ်ကြပါတယ်။ လေမလည်ဘဲ အောင့်ထားတာက ကျန်းမာရေးပြဿနာတွေဆီ ဦးတည်စေနိုင်ပါတယ်။
၁။ သင့်ခန္ဓာကိုယ်က ဒါကို ပြန်စုပ်သွားတယ်
လေလည်တာအောင့်ထားလိုက်တဲ့အချိန် ခန္ဓာကိုယ်က ဒီလေကို ပြန်စုပ်ယူလိုက်ရပါတယ်။ ဒီလည်ပတ်မှုက လေလည်မှုအနေနဲ့ မသွားဘဲ လေချဉ်တက်တာ ဒါမှမဟုတ် အသက်ရှူထုတ်လိုက်တဲ့အနေနဲ့ ပုံစံပြောင်းသွားနိုင်ပါတယ်။
၂။ နာကျင်ပြီး ရင်ဘတ်ပူစေတယ်
အောင့်ထားလိုက်တဲ့အခါ ခန္ဓာကိုယ်မှာ ဖိအားဖြစ်စေပါတယ်။ ဒီဖိအားက နာကျင်မှု၊ အစာမကြေတာနဲ့ ရင်ဘတ်ပူတာတွေဖြစ်စေပါတယ်။ အမြဲတမ်း အောင့်ထားမယ်ဆိုရင် အစာချေလမ်းကြောင်းမှာ ယောင်ယမ်းတဲ့အထိ ဖြစ်နိုင်ပါတယ်။
၃။ အူမကြီးကို ထိခိုက်စေတယ်
လေလည်တာအောင့်ထားတာကြောင့် အူမကြီးအထိ ဖိအားဖြစ်စေပါတယ်။ အူမကြီးကို ထိခိုက်စေမယ့်အပြင် လိပ်ခေါင်းရောဂါအထိ ဦးတည်စေ နိုင်ပါတယ်။
၄။ ဗိုက်ပူနေတယ်လို့ ခံစားရစေမယ်
လေလည်တာကို အောင့်ထားလိုက်တဲ့အချိန် လေက ဗိုက်ထဲမှာပဲ ရှိနေတုန်းမို့ ဗိုက်ပိုပူနေတယ်လို့ ထင်ရစေပါတယ်။
၅။ ပြဿနာကို ပိုဆိုးစေတယ်
လေလည်တာ အောင့်အီးထားခြင်းက ကျန်းမာရေးပြဿနာအများအပြားဆီ ဦးတည်စေပါတယ်။ လေလည်တဲ့အခါ ထွက်တဲ့အသံ၊ အနံ့တွေပေါ် မူတည်ပြီး အစားအသောက်အခြေအနေ၊ အစာချေမှုပြဿနာတွေကို ခြေရာခံနိုင်ပါတယ်။ လေလည်တာအနံ့နံခြင်းက ခန္ဓာကိုယ်ထဲ Sulfur ပါဝင်မှု များပြားနေတာပါ။ လေလည်တဲ့အခါ နာကျင်တယ်ဆိုရင်တော့ သက်ဆိုင်ရာ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။
လေလည်တာ အသံကျယ်တာနဲ့ အနံ့ဆိုးတာကို ဘယ်လို လျှော့ချမလဲ
- Carbonated အချိုရည်တွေကို လျှော့သောက်ပေးပါ။ ခန္ဓာကိုယ်ထဲ Gas တွေ ပိုတိုးလာပါလိမ့်မယ်။
- နည်းနည်းစီစားပြီး သေချာဝါးစားပေးပါ။
- အနံ့ဆိုးတာ သက်သာဖို့ ငှက်ပျောသီး၊ အာလူးနဲ့ အုတ်ဂျုံ စတာတွေကို စားပေးသင့်ပါတယ်။
Source: Brightside.me
By MyStyle Myanmar