ဆံပင်အရမ်းပါးလို့ စိတ်ညစ်နေတဲ့သူတွေအတွက် ဘာကြောင့် ဆံပင်တွေ တစ်ဖြေးဖြေးနဲ့ ပိုပြီးပါးလာရလဲဆိုတဲ့ အဓိကအကြောင်းအရင်း ၆ ခုကို ပြောပြပေးချင်ပါတယ်။ ဘာလို့လဲမသိဘူး တစ်ဖြေးဖြေးနဲ့ ဆံပင်တွေက ပိုပြီးပါးလာတယ်ဆိုပြီး အဖြေရှာမရဖြစ်နေရင် ဒီအချက်တွေကြောင့်များလားဆိုပြီး ပြန်စစ်ဆေးကြည့်လို့ရတာပေါ့။ ဘာကြောင့်လဲဆိုတာသိမှလည်း ဆင်ခြင်ပြီး ပြန်လည်ထိန်းသိမ်းလို့ရမှာပါ။
သုံးနေတဲ့ Products တွေကြောင့်
ကိုယ်သုံးနေတဲ့ products တွေက ကိုယ်နဲ့အဆင်မပြေရင် ဆံပင်တွေကျွတ်ပြီး ပါးလာတာ၊ ထိပ်ပြောင်လာတာတွေ ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် ကိုယ်သုံးမယ့် products တွေကို သေချာကြည့်ဝယ်ပါ။
ခဏခဏဆံပင်ဖြောင့်လိုက်၊ ကောက်လိုက်လုပ်ခြင်း
ဆံပင်ကို ခဏခဏဖြောင့်လိုက်၊ ကောက်လိုက်နဲ့ အမျိုးမျိုးလုပ်နေရင် ဆံသားက chemical တွေ၊ အပူချောင်းတွေ အရမ်းထိရတဲ့အတွက် ဆံသားပျက်စီးပြီး ကျွတ်လာပါမယ်။ နောက်ဆက်တွဲကတော့ ဆံပင်တွေ ပိုပြီးပါးလာတော့တာပါပဲ။
ခဏခဏဆံပင်ဆေးဆိုးခြင်း
ခဏခဏဆံပင်ဆေးဆိုးတာက ဆေးဘယ်လောက်ကောင်းကောင်း ခဏခဏလုပ်နေရင် ဆံပင်ပျက်စီးတာပါပဲ။ ဒါကြောင့် ဆိုးမယ်ဆိုရင်လည်း ခြားပြီးဆိုးပါ။ နောက်တစ်ခုကတော့ ဆံပင်အရောင်ချွတ်တာပါ။ ဆံသားအရမ်းပျက်စီးပြီး ဆံပင်တွေကျွတ်ပါတယ်။ ခဏခဏလုပ်ရင် ဆံပင်တွေပါးတာ၊ ပြတ်ထွက်တာတွေ ဖြစ်လာပါလိမ့်မယ်။
အာဟာရဓာတ်ချို့တဲ့ခြင်း
အာဟာရဓာတ်ချို့တဲ့ရင်လည်း ဆံပင်ပါးပါတယ်။ ဆံပင်မသန်ပါဘူး။ တချို့ကျတော့လည်း ဟော်မုန်းကြောင့် ဖြစ်တတ်ပါတယ်။ ဒီလိုမျိုးတွေဆိုရင် ဆံသားအတွက် hair vitamin တွေ biotin တွေကို ဆရာဝန်နဲ့ တိုင်ပင်ပြီး သောက်သင့်ပါတယ်။
Stress တွေများနေခြင်း
Stress တွေအရမ်းများရင် ဆံပင်တွေ တစ်ဖြေးဖြေးနဲ့ကျွတ်ပြီး ပါးလာတာပါပဲ။ ဆံပင်ကျွတ်သက်သာတဲ့ hair products တွေ သုံးပေမယ့်လည်း၊ ဆံပင်ထူအောင်လုပ်နေပေမယ့်လည်း stress ကြောင့်ဆိုရင်တော့ stress ပျောက်အောင်ပဲ လုပ်ရမှာပါ။ အပေါ်ကအချက်တွေနဲ့ ကိုက်ညီမှုမရှိဘူးဆိုရင်တော့ သင့်မှာ stress တွေများနေလားဆိုတာကို ပြန်စစ်ဆေးကြည့်ပြီး ယောဂကျင့်တာ၊ တရားထိုင်တာလေးတွေ လုပ်ကြည့်သင့်ပါတယ်။