ပြတ်တုန်းက ကိုယ့်ကို Block သွားတဲ့ ရည်းစားဟောင်းက အခုချိန်မှာ ကိုယ့်ကိုပြန်ပြီး Unblock လုပ်ထားတယ်ဆိုတာ ဒီအကြောင်းအရင်း ၅ ခုကြောင့် ဖြစ်နိုင်ချေများပါတယ်။ ဒီတော့ သင့်ရည်းစားဟောင်းက သင့်ကို Unblock ထားပြီဆိုရင် ဘယ်လိုအကြောင်းအရင်းတွေကြောင့် ဖြစ်နိုင်မလဲဆိုတာကို လေ့လာကြည့်လိုက်ရအောင်။

မမုန်းတော့လို့

အကြောင်းတစ်ခုခုကြောင့် ကိုယ့်ကိုမုန်းပြီး Block သွားပေမယ့် သူ့စိတ်ထဲ သင့်ကိုမမုန်းတော့တဲ့အခါ ဘာစိတ်မှမရှိတော့တဲ့အခါ Block ထားစရာအကြောင်းမှမရှိတာဆိုတဲ့ အတွေးနဲ့ Unblock ပြန်လုပ်သွားတတ်ကြပါတယ်။

သတိရလို့

ကိုယ့်ကိုသတိရလာတဲ့အခါ ကိုယ့်အကြောင်းတွေ ဝင်စပ်စုရင်း ကိုယ့်ပုံလေးတွေကိုလည်း ကြည့်ချင်လို့ Unblock ပြန်လုပ်ထားတာမျိုးလည်း ဖြစ်နိုင်ချေများပါတယ်။ သတိရလို့ Unblock လုပ်ရင်းနဲ့ ကိုယ့်ဆီပြန်လာချင်ကြောင်းပြောဖို့ ဦးတည်လာနိုင်ပါတယ်။

စကားပြောချင်လို့

သင်နဲ့စကားပြန်ပြောချင်တဲ့အခါမှာတော့ Block ထားရာကနေ Unblock ပြန်လုပ်ပြီး စကားလာပြောဖို့ ကြိုးစားနေပါလိမ့်မယ်။ တချို့ကျတော့ ပြန်တွဲချင်တာ မတွဲချင်တာထက် သတိရလို့ စကားလာပြောချင်ရုံသပ်သပ် ဆိုတာမျိုးတွေလည်း ရှိပါသေးတယ်။

ပြန်တွဲချင်လို့

ပြတ်ပြီးသားရည်းစားဟောင်းက Unblock ပြန်လုပ်ပြီဆိုရင် 50% လောက်က ကိုယ့်ဆီပြန်လာချင်လို့ပါပဲ။ ဒါက ကိုယ်နဲ့ပြန်ပြေလည်ပြီး အရင်လိုပြန်ဖြစ်ချင်လို့ စတင်လိုက်တဲ့ ပထမခြေလှမ်းပါ။ နောက်ကျရင် လာ Add ပြီး စကားစပြောတာတွေ ဖြစ်လာနိုင်ချေများပါတယ်။

အသစ်ရနေပြီလားသိချင်လို့

တချို့သူတွေကျတော့ ကိုယ်လည်းပြန်မတွဲချင်ဘူး ဒါပေမယ့် အသစ်ရနေပြီလားဆိုပြီး သိချင်တဲ့စိတ် ရှိကြပါတယ်။ အဲ့လိုသိချင်တဲ့အခါမှာလည်း တခြားသူကိုမမေးပဲ ကိုယ်တိုင်ဝင်စုံစမ်းဖို့အတွက် Unblock ပြန်လုပ်ထားတတ်ကြပါသေးတယ်။