အရွယ်ရောက်တဲ့အချိန်ထိ မိဘဆီမှာ မှီခိုနေရတုန်း၊ အမေ စကားတစ်ခွန်းကို လုံးဝမပယ်ဘဲ အိမ်အကြိုက် အမြဲနေထိုင်တတ်သူတွေက Momma Boy တွေပါပဲ။ တစ်ခုခုဆိုလည်း အမေကို အားကိုးပါတယ်။ သင်က Momma Boy တစ်ယောက်နဲ့ မတွဲသင့်တဲ့အကြောင်းပြချက်တွေ အများအပြား ရှိပါတယ်။ ဒီအကြောင်းပြချက်တွေထဲက အဓိက ကျတဲ့ အချက် ၅ ချက်ကတော့-

၁။ ထိန်းချုပ်တတ်တယ်

Photo Source: Women’s Health

အမေနားကပ်နေတဲ့ ယောကျာ်းသားအများစုက တစ်ပါးသူကို ထိန်းချုပ်တတ်ပါတယ်။ သူတို့က သူတို့ အမေဆီမှာ ထိန်းချုပ်ခံရသလို ကိုယ့်ကောင်မလေးကိုလည်း သူတို့က ဟိုဟာမလုပ်ရ၊ ဒီဟာ မလုပ်ရထိန်းချုပ်တတ်ပါတယ်။

၂။ ရင့်ကျက်မှုမရှိဘူး

Photo Source: Neos Kosmos

Momma Boy တွေက သူတို့ဘဝတစ်လျှောက်လုံးကလေး လေးတစ်ယောက်လို ဆက်ဆံခံလာရတာမို့ သိပ်မရင့်ကျက်ကြပါဘူး။

၃။ ယောက္ခမအိမ်မှာ နေခိုင်းမယ့်သူတွေ

Photo Source: Marriage.com

သူတို့ဘဝမှာ အမေက အရေးအကြီးဆုံးမို့ ချစ်သူကောင်မလေးက ယောက္ခမ နဲ့ မတည့်လည်း ကိစ္စမရှိဘူး.. အတူနေရမယ်ဆိုတဲ့ တစ်ယူသန်အစွဲ ရှိပါတယ်။ အမေနဲ့ ချစ်သူဆိုရင် အမေကိုပဲ ရွေးချယ်ဖို့ အလားအလာများပါတယ်။

၄။ သဝန်တိုတယ်

Photo Source: All Teens Talk

လိုတာထက်ပိုပြီး သဝန်တိုတတ်ပါတယ်။ သူတို့ကသာ မိန်းကလေးတွေနဲ့ စကားပြောမယ်။ သင့်ကိုတော့ ယောကျာ်းလေး အပေါင်းအသင်း လုံးဝထားခိုင်းမှာမဟုတ်ပါဘူး။ သင့်ဆီက Attention ကို အချိန်ပြည့်ရအောင် ကြိုးစားမယ့်သူတွေဖြစ်ပါတယ်။

၅။ သင်က ပြိုင်ပွဲဝင်ပြိုင်နေသလို ခံစားရလိမ့်မယ်

Photo Source: E! Online

အမေနဲ့ သင်နဲ့ ဘယ်သူရွေးမလဲလို့ မေးခွန်းမေးရလောက်တဲ့အထိ သင်က ပြိုင်ပွဲဝင်နေရပါလိမ့်မယ်။ သားဖြစ်သူကို ပိုင်ဆိုင်ဖို့ သင့်ယောက္ခမ ဖြစ်လာမယ့်သူနဲ့ ဘယ်သူသာမလဲ ပြိုင်ပွဲဝင်ရသလိုဖြစ်လာပါလိမ့်မယ်။