ရယ်သောသူအသက်ရှည်သည်ဆိုတဲ့ စကားအတိုင်းပဲ ရယ်မောပေးခြင်းက အရမ်းကောင်းပါတယ်။ စိတ်ညစ်စရာတွေ ဘယ်လောက်ရှိရှိ ရယ်စရာမရှိရင်တောင် ရယ်စရာတွေကြည့်ပြီး ရယ်မောနေလိုက်ပါ။ လောင်နေမယ့်အစား ပျော်ပျော်ပဲနေပါ။ တစ်နေ့တာမှာ များများရယ်မောပေးသင့်တဲ့ အကြောင်းအရင်း ၅ ခု ရှိပါတယ်။

Stress လျော့ကျစေခြင်း

များများရယ်မောပေးခြင်းက Stress တွေ လျော့ကျသွားစေပါတယ်။ စိတ်ညစ်စရာရှိနေရင်တောင်မှ အားရပါးရ ရယ်မောလိုက်တော့ Relax ဖြစ်ပြီး ပေါ့ပါးသွားစေပါတယ်။ ဒါကြောင့် တစ်နေ့တာမှာ များများရယ်မောပေးပါ။

နာကျင်မှုတွေလျော့ကျသွားခြင်း

တစ်ခုခုနာကျင်နေရင်တောင်မှ ရယ်မောလိုက်ရင် နာကျင်တာတွေ မေ့ပျောက်သွားစေပါတယ်။ မဟုတ်ရင် အဲ့ဒီနာကျင်နေတဲ့ဆီပဲ စိတ်ရောက်ပြီး ပိုဆိုးမှာပါ။ ဒါကြောင့် ရယ်မောနိုင်အောင် Try ကြည့်ပါ။

Calories တွေလောင်ကျွမ်းစေခြင်း

များများရယ်မောပေးခြင်းက Calories တွေလောင်ကျွမ်းစေတယ်ဆိုတော့ ဝိတ်ကျချင်တဲ့သူတွေ အခုကစပြီး များများရယ်တော့နော်။

အသက်ရှူစနစ်ပိုကောင်းလာခြင်း

အားရပါးရ ရယ်မောပေးခြင်းက ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အောက်စီကို ကောင်းကောင်းပေးနိုင်တဲ့အတွက် အသက်ရှူစနစ် ပိုကောင်းလာစေတယ်၊ အဆုတ်အားပိုကောင်းလာစေပါတယ်။

ပျော်စရာပိုကောင်းလာခြင်း

စိတ်ညစ်စရာရှိနေတဲ့သူချင်း အတူတူတောင်မှ အဲ့ဒါကိုပဲတွေးပြီး ထိုင်ဘူနေတဲ့သူနဲ့ ရယ်စရာတွေပဲတွေးပြီး ပြောပြီး ရယ်မောနေတဲ့သူနဲ့ဆိုရင် ရယ်မောနေတဲ့သူက ပိုပြီးတော့ စိတ်သက်သာရာ ရပါတယ်။ ကိုယ့်တစ်နေ့တာမှာ ရယ်စရာတွေချည်းပဲဖြစ်နေတယ်၊ ရယ်နေရတယ်ဆိုရင် အလိုလိုကို ပျော်ရွှင်ပြီး စိတ်ချမ်းသာနေရတာပါပဲ။ ဒါကြောင့် ပျော်ချင်ရင် ရယ်ဖို့လည်း မမေ့ပါနဲ့။