Weight ကျဖို့အတွက် ဘယ်အချိန်ပဲဖြစ်ဖြစ် လေ့ကျင့်ခန်းလုပ်လို့ရပါတယ်။ ဒါပေမယ့် မနက်ပိုင်းမှာ လုပ်ပေးရင်တော့ ပိုကောင်းတာပေါ့။ ဘာကြောင့် မနက်ပိုင်းမှာ လေ့ကျင့်ခန်းလုပ်သင့်လဲဆိုတဲ့ အကြောင်းအရင်း ၅ ခုကို ပြောပြပေးလိုက်ပါတယ်။

စိတ်အနှောင့်အယှက်မဖြစ်ခြင်း

နေ့ဘက်ဆိုရင် ပူပြီး ဆူညံတဲ့အတွက် စိတ်အနှောင့်အယှက် ဖြစ်စေပါတယ်။ အာရုံစုစည်းနိုင်စွမ်းလည်း လျော့ကျစေပါတယ်။ ညဘက်တွေ၊ ညနေဘက်တွေကျတော့လည်း ပျင်းတာမျိုးတွေ တစ်နေကုန်ပင်ပန်းထားလို့ မလုပ်ချင်တော့တာမျိုးတွေ ရှိလာတတ်တဲ့အတွက် ပျက်ကွက်နိုင်ပါတယ်။ ဒီတော့ မနက်စောစောသာ ပုံမှန်လုပ်ပေးမယ်ဆိုရင် စိတ်ကြည်လင်ပြီး အေးအေးဆေးဆေးနဲ့ လုပ်နိုင်မှာဖြစ်တဲ့အတွက် စိတ်အနှောင့်အယှက်မဖြစ်ပဲ လေ့ကျင့်ခန်းလုပ်ရတာ ပိုကောင်းလာပါလိမ့်မယ်။

Mood ပိုကောင်းခြင်း

မနက်စောစောစိတ်ကြည်နေတဲ့အချိန်မှာ စာကျက်လို့ကောင်းသလို လေ့ကျင့်ခန်းလုပ်လို့လည်း အရမ်းကောင်းပါတယ်။ Mood ပိုကောင်းပြီး Active ဖြစ်စေပါတယ်။ တစ်နေကုန်လည်း တက်ကြွမှုရှိစေပါတယ်။

ပိုအိပ်လို့ကောင်းလာခြင်း

မနက်ပိုင်းမှာလေ့ကျင့်ခန်းလုပ်တော့ Weight ကျတဲ့အပြင် ညဘက်တွေဆိုလည်း ပိုပြီးအိပ်လို့ကောင်းလာစေတယ်နော်။

အလေ့အကျင့်ကောင်းတွေရလာခြင်း

မနက်ပိုင်းမှာ လေ့ကျင့်ခန်းလုပ်တော့ မနက်ဆို စောစောနိုးနေမယ်၊ ပုံမှန်အိပ်ယာထချိန်လေး ရှိနေပါမယ်။ ကျန်းမာရေးလိုက်စားတဲ့ အလေ့အကျင့်ကောင်းလည်း ရသွားပါမယ်။

ကျန်းမာရေးပိုလိုက်စားလာခြင်း

မနက်ပိုင်း လေ့ကျင့်ခန်းလုပ်တော့ ဗိုက်ဆာပြီး မနက်စာကို ကောင်းကောင်းစားနိုင်လာပါမယ်။ လူတစ်ယောက်အတွက် မနက်စာက အရမ်းအရေးကြီးပါတယ်။ ဒါကြောင့် ကိုယ်က လေ့ကျင့်ခန်းလည်း သေချာလုပ်နေတဲ့အတွက် ကျန်းမာရေးနဲ့ညီညွတ်တာတွေ၊ Weight ထိန်းဖို့ စားသောက်ရမှာတွေကိုလည်း ပိုသိပြီး အဲ့အတိုင်း စားနိုင်လာပါမယ်။