ဘဝမှာ ကျိန်းသေပေါက် တစ်ခေါက်လောက်တော့ ဖြစ်အောင်လုပ်ချင်တဲ့အရာတွေကို စာရင်းရေးထားတာကို Bucket List လို့ခေါ်တာဖြစ်ပါတယ်။ တခြားသူတွေသတ်မှတ်ပေးထားတဲ့အတိုင်း လိုက်လုပ်တာမဟုတ်ဘဲ သင့်ရင်ထဲက အကောင်အထည်ဖော်ချင်တဲ့အရာတွေပဲ ဖြစ်ပါတယ်။
(၁) ကိုယ်တကယ်လိုချင်တဲ့အရာတွေကိုပဲ လုပ်ဆောင်ဖို့သတိပြုမိစေတယ်
Source : Lifehack
လူတော်တော်များများက ဘဝမှာဘာတွေလိုချင်လဲဆိုတာနဲ့ပတ်သတ်ပြီး စိတ်ကူးမရှိဘဲ တဘဝလုံးနေထိုင် သွားတတ်ကြပါတယ်။ လူအဖွဲ့အစည်းရဲ့သတ်မှတ်ချက်အတိုင်း အရွယ်ရောက်ရင် အလုပ်ဝင်၊ အိမ်ထောင်ပြု ၊ ကလေးမွေးမယ်ဆိုတဲ့အတိုင်း လိုက်နာသင့်တယ်လို့ပဲ ထင်ကြပါတယ်။ တကယ်လို့ သင့်မှာ Bucket List ရှိလာ တဲ့အခါ ဘဝကိုသင်အမှန်တကယ်နေထိုင်လိုတဲ့အတိုင်းဖြစ်နေရဲ့လားဆိုတာ ဆန်းစစ်မိလာစေမှာပါ။
(၂) ဘဝအပေါ် ပိုစိတ်လှုပ်ရှားပျော်ရွှင်တတ်လာတယ်
Source : LifeHack
သင်ဟာ တနေ့တနေ့လုပ်စရာရှိတာတွေလုပ်ရင်းနဲ့ပဲ အချိန်ကုန်သွားတယ်ဆိုရင် သင့်ဘဝကပျော်စရာ ကောင်းမှာမဟုတ်ပါဘူး။ Bucket List တခုက သင့်တနေ့တာမှာ အားလပ်ချိန် ၁နာရီရစေဖို့ အကြောင်းပြချက် တခုဖြစ်လာစေပါတယ်။ ဒီ ၁နာရီအတွင်းမှာ သင့်ဘဝရှေ့ရေးအတွက်ဘာတွေလုပ်ချင်လဲ စီစဉ်ရင်း စိတ်လှုပ် လျားမှု၊ စိတ်အားထက်သန်မှုကို ဖန်တီးပေးနိုင်ပါတယ်။
(၃) ပိုအာရုံစူးစိုက်မှု ရှိလာစေတယ်
Source : Do Business Like A Woman
Bucket List တခုက သင်လုပ်ချင်တဲ့အရာတွေကို ပိုအာရုံစိုက်မိလာစေတဲ့အတွက် ဆိုရှယ်မီဒီယာတွေရဲ့ဆွဲဆောင်မှုကိုခံရတာ၊ ရည်မှန်းချက်နဲ့မကိုက်ညီတာမျိုးတွေကိုမဖြစ်အောင် ကူညီပေးပါတယ်။ တိကျရှင်းလင်းတဲ့ အာရုံစိုက်မှုရှိလာတဲ့အခါ အခွင့်အလမ်းတွေကိုလဲပိုမြင်လာပါတယ်။
(၄) စိတ်ခွန်အားရစေတယ်
Source : Fabulous Magazine
စိတ်ခွန်အားတက်ကြွမှုဆိုတာ အိမ်မက်တွေအမှန်တကယ်ဖြစ်လာဖို့အတွက် လိုအပ်ပါတယ်။ ဒါပေမယ့် မှန်ကန်တဲ့စိတ်ခွန်အားရဖို့ဆိုတာ ကိုယ်အမှန်တကယ်ဘာလိုချင်လဲ သိဖို့လိုပါတယ်။ Bucket List တခုထားတာက ဒီအရာတွေကို သင့်ဘာကြောင့်လိုချင်တာလဲဆိုတာ ရှင်းရှင်းလင်းလင်းသိလာစေပြီး ရည်မှန်းချက်တွေကို အမှန်တကယ်လုပ်ဖြစ်အောင် လှုံ့ဆော်ပေးပါတယ်။
(၅) Comfort Zone ကထွက်နိုင်ဖို့ ကူညီတယ်
Source : Erin Gobler
လုံခြုံတဲ့နေရာအဆုံးမှာ ဘဝစတယ်လို့အဆိုရှိပါတယ်။ Comfort Zone က စိတ်ဖိစီးမှုတွေနဲ့ အန္တရယ်တွေကို လျော့နည်းစေပြီး သင့်ကိုလုံခြုံမှုပေးတဲ့အတွက် ဒီနေရာကထွက်ဖို့ခက်ခဲနိုင်ပါတယ်။ Bucket List တခုက သင့်ကို Comfort Zone ကထွက်ပြီး အိမ်မက်တွေအကောင်အထည်ဖော်ဖို့ ကမ္ဘာပတ်ပြီးခရီးတွေသွားဖို့ မစားဖူးသေးတဲ့ အစားအသောက်အသစ်အဆန်းတွေ အတွေ့အကြုံအသစ်တွေရဖို့ ခြေလှမ်းအစပဲဖြစ်ပါတယ်။