အလုပ်မလုပ်ချင်တော့တဲ့စိတ်တွေ ဖြစ်လာတဲ့အခါ ထိုင်ပြီးအလုပ်လုပ်နေပေမယ့်လည်း အိုင်ဒီယာမထွက်တော့တာ၊ အလုပ်လုပ်ဖို့ လုံးဝစိတ်မပါတော့တာ၊ အလုပ်တွေကို ပစ်ထားလိုက်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒီလို အလုပ်မလုပ်ချင်တော့တဲ့စိတ်တွေ ဖြစ်လာရခြင်းက ဒီအကြောင်းအရင်း ၅ ခုကြောင့် ဖြစ်လာတာများပါတယ်။
ပင်ပန်းခြင်း
စိတ်ပင်ပန်းတဲ့အခါမှာပဲဖြစ်ဖြစ်၊ လူပင်ပန်းတဲ့အခါမှာပဲဖြစ်ဖြစ်၊ အလုပ်က အရမ်းပင်ပန်းတဲ့အခါမှာပဲဖြစ်ဖြစ် အလုပ်လုပ်ချင်စိတ်မရှိတော့တာမျိုးတွေ ဖြစ်ပါတယ်။ အရမ်းပင်ပန်းတဲ့အခါ ၂ ရက်၊ ၃ ရက်လောက် နားရတာတောင်မဝတော့ပဲ ဘာမှမလုပ်ပဲနေချင်စိတ်တွေ ဖြစ်လာစေပါတယ်။ အဓိကစိတ်ပင်ပန်းရင် ပိုဖြစ်တတ်ပါတယ်။
Stress များခြင်း
Stress တွေများတဲ့အခါမှာ အလုပ်တင်မဟုတ်ပဲ ဘာကိုမှ လုပ်ချင်စိတ်မရှိတော့ပဲ အိပ်တာ၊ ရုပ်ရှင်ကြည့်တာတွေပဲ လုပ်ချင်တာမျိုးတွေလည်း ရှိပါတယ်။ ဒီလို Stress ကြောင့် ဖြစ်တာဆိုရင်တော့ အနားယူပြီး ကိုယ်လုပ်ချင်တာလေးတွေလုပ်ရင်းနဲ့ အပန်းဖြေလိုက်ပါ။ ပြီးမှ အလုပ်ပြန်လုပ်ပါ။
အလုပ်မှာမပျော်ခြင်း
အလုပ်မှာမပျော်ရင် အလုပ်လုပ်ချင်စိတ် လုံးဝမရှိတော့ပါဘူး။ အလုပ်ကိုမသွားချင်တော့တာမျိုးတွေ၊ ထွက်ဖို့ပဲ စဉ်းစားနေတာမျိုးတွေ ဖြစ်လာပါလိမ့်မယ်။ ဒီလိုအခြေအနေမျိုးဆိုရင်တော့ သေချာစဉ်းစားပြီး တခြားအလုပ်ပြောင်းတာမျိုးတွေ ရွေးချယ်သင့်ပါတယ်။ ကြာရင် ပိုစိတ်ဖိစီးလာရပါလိမ့်မယ်။
လုပ်ငန်းခွင်ပြဿနာတွေကြုံနေခြင်း
လုပ်ငန်းခွင်မှာ ပြဿနာတွေကြုံနေရရင်လည်း အလုပ်လုပ်ချင်စိတ်ရှိမှာ မဟုတ်ပါဘူး။ ပြဿနာတစ်ခုခု ကြုံနေတာပဲဖြစ်ဖြစ်၊ လုပ်ငန်းခွင်ကသူတစ်ယောက်ယောက်နဲ့ အဆင်မပြေရင်ပဲဖြစ်ဖြစ် ဒီအလုပ်ကို ဆက်လုပ်ချင်စိတ်မရှိတော့တာ၊ အလုပ်ရောက်တာနဲ့ မွန်းကြပ်ပြီး စိတ်ဖိစီးလာတာမျိုးတွေ ဖြစ်လေ့ရှိပါတယ်။
ပျင်းရိနေခြင်း
နောက်ဆုံးအချက်ကတော့ ပျင်းရိနေလို့ အလုပ်လုပ်ချင်စိတ်မရှိတာပါ။ ဒီအချက်ကြောင့်ဆိုရင်တော့ စိတ်ကိုသေချာပြန်စုစည်းပြီး အလုပ်လုပ်ဖို့ပဲ ရှိပါတော့တယ်။ အရင်ဆုံး စိတ်ရောကိုယ်ပါ Relax ဖြစ်အောင်လုပ်ပြီးမှ အလုပ်ပြန်လုပ်ပါ။