သင့်အနေနဲ့ ပိန်ချင်တယ်၊ ဝိတ်ကျချင်တယ်ဆိုပေမယ့် ဝိတ်ကျဖို့ ခက်ခဲနေတယ်ဆိုင် ကိုယ့်ရဲ့ Lifestyle နဲ့လည်းဆိုင်သလို ဝိတ်ချနေတဲ့ပုံစံ မှားယွင်းနေတာလည်း ဖြစ်နိုင်ပါတယ်။ များသောအားဖြင့်တော့ ဝိတ်ကျဖို့ခက်ခဲနေတာက ဒီအကြောင်းအရင်း ၅ ခုကြောင့် ဖြစ်တာများပါတယ်။

Workout လုပ်တာမှားယွင်းနေခြင်း

Workout လုပ်တဲ့ပုံစံက မှားယွင်းနေရင်လည်း ပင်ပန်းပြီး ထိရောက်မှုမရှိ ဖြစ်နေပါလိမ့်မယ်။ တကယ်ထိထိရောက်ရောက်နဲ့ နည်းလမ်းမှန်အောင်လုပ်မှသာ သိသာတဲ့ Result ကို ရရှိမှာပါ။ ဒါကြောင့် ဝိတ်ကျဖို့အတွက် workout လုပ်မယ်စဉ်းစားထားရင် Gym မှာ သွားဆော့တာပဲဖြစ်ဖြစ်၊ အိမ်မှာဆိုလည်း Program တွေနဲ့ သေချာဆော့တာပဲဖြစ်ဖြစ် လုပ်ပေးပါ။

အစားအသောက်မဆင်ခြင်ခြင်း

ဝိတ်ကျဖို့အတွက်ဆိုရင် အစားအသောက် မဆင်ခြင်လို့မရပါဘူး။ Workout လုပ်နေတာပဲဆိုပြီး စားချင်တာတွေစားနေတာမျိုး လုပ်လို့မရပါဘူး။ ညဘက်တွေလည်း စားသောက်နေတာမျိုး မလုပ်ရပါဘူး။ ဒါဆိုရင် ကိုယ်အပင်ပန်းခံပြီး Workout လုပ်ထားတာတွေက အလကားဖြစ်သွားပါလိမ့်မယ်။

ကယ်လိုရီမတွက်ခြင်း

တစ်ခုခုစားသောက်တော့မယ်ဆိုရင် ကယ်လိုရီတွက်တဲ့အကျင့်ကို လုပ်ထားပါ။ ဒါဆိုရင် ဆင်ခြင်လို့ရသလို ကိုယ့်ကိုယ်ကိုလည်း ထိန်းပြီးသားဖြစ်တာပေါ့။ မဟုတ်ရင်တော့ စားချင်တာတွေ့ရင် စားပစ်လိုက်တာက ကယ်လိုရီအရမ်းများနေတာ ဖြစ်နေလည်း ကိုယ်သတိထားမိမှာ မဟုတ်တော့ပါဘူး။ အကောင်းဆုံးက ကယ်လိုရီနည်းတာတွေပဲ စားသောက်ပါ။

လှုပ်ရှားမှုနည်းခြင်း

ဝိတ်ကျချင်တယ်ဆိုရင် လှုပ်လှုပ်ရှားရှားနေပေးပါ။ မပျင်းပါနဲ့။ အထိုင်မများပါစေနဲ့။ အထိုင်များပြီး လှုပ်ရှားမှုနည်းရင် ဝိတ်ကျဖို့ ခက်ခဲပြီးတော့ ဗိုက်နဲ့ခါးမှာ အဆီတွေ ပိုစုလာပါလိမ့်မယ်။

ပိန်ဆေးသောက်ခြင်း

ပိန်ဆေးသောက်ပြီး ပိန်အောင်လုပ်တာထက်စာရင် အားကစားလုပ်၊ အစားအသောက်ဆင်ခြင်တာက ပိုပြီးနည်းလမ်းမှန်ကန်ပါတယ်။ အာမခံချက်မရှိတဲ့ ပိန်ဆေဗတွ သောက်မိတဲ့အခါမှာ ကျန်းမာရေးလည်း ထိခိုက်လာနိုင်ပါတယ်။ ဆေးသောက်ပြီး ပိန်သွားတယ်ဆိုပြီး အပေါ်မှာပြောခဲ့တဲ့ အချက်တွေကို မဆင်ခြင်ရင်လည်း ပြန်ဝလာမှာပါပဲ။ တချို့ကျတော့လည်း ပိန်ဆေးသောက်တယ် ဒါပေမယ့် ဝိတ်က သူများတွေလို ကျမလာဘူးဆိုရင် ကိုယ့်ရဲ့ Lifestyle ကိုလည်း ပြန်စစ်ဆေးသင့်ပါတယ်။