တော်တော်များများက skincare သုံးပေမယ့် facial mist ကိုတော့ သိပ်ပြီးသုံးလေ့မရှိကြပါဘူး။ တကယ်တော့ facial mist သုံးပေးတာက အသားအရေအတွက် ပိုကောင်းပါတယ်။ ဒါကြောင့် skincare routine ထဲမှာ facial mist ပါ ထည့်သုံးပေးသင့်တဲ့ အကြောင်းအရင်း ၅ ခုကို ပြောပြပေးလိုက်ပါတယ်။

Fresh ဖြစ်စေခြင်း

ရာသီဥတုပူတဲ့နေ့တွေမှာဆိုရင် အပြင်သွားရင်ပဲဖြစ်ဖြစ်၊ အိမ်မှာနေရင်ပဲဖြစ်ဖြစ် facial mist လေးသာ ထိုင်ဖြန်းနေပါ။ အရမ်းပူတဲ့အချိန်မှာဖြန်းလိုက်ရင် အေးအေးလေးနဲ့ fresh ဖြစ်သွားစေပါတယ်။ ရာသီဥတုပူလို့ အသားအရေခြောက်ပြီး ပင်ပန်းသလိုဖြစ်နေတာတွေကိုလည်း ပျောက်သွားစေပါတယ်။

Skin Hydrated ဖြစ်ပြီးမိတ်ကပ်သားပိုလှခြင်း

မိတ်ကပ်လိမ်းပြီးတဲ့အချိန်မှာ facial mist ကိုဖြန်းပေးရင် မိတ်ကပ်သားရွေ့တာ၊ ကွက်တာတွေမဖြစ်ပဲ မိတ်ကပ်သားပိုလှစေပါတယ်။ သိပ်သိပ်ညက်ညက်လေးနဲ့ လှနေစေပါတယ်။ Skin hydrated ဖြစ်ပြီး အသားအရေကလည်း ရေဓာတ်ပြည့်ဝနေသလိုမျိုး dewy finish look လေးရစေပါတယ်။

မိတ်ကပ်တွေ Blend လုပ်ရတာလွယ်ကူခြင်း

မိတ်ကပ်မလိမ်းခင်မှာ facial mist ဖြန်းပေးရင် မိတ်ကပ်လိမ်းတဲ့အခါမှာ blend လုပ်ရတာ ပိုပြီး လွယ်ကူပါတယ်။ ချွေးပေါက်ကျယ်နေတာတွေကိုလည်း သိပ်သိပ်လေးဖြစ်သွားစေပြီး မိတ်ကပ်လိမ်းရတာ ပိုကောင်းစေတယ်၊

Primer အနေနဲ့ပါသုံးလို့ရခြင်း

မိတ်ကပ်မလိမ်းခင်မှာ facial mist ဖြန်းပေးခြင်းက primer ခံလိမ်းသလိုပါပဲ မိတ်ကပ်သားပိုကြာရှည်ခံစေပြီး မိတ်ကပ်သားပိုလှစေပါတယ်။ Primer မရှိရင် ဘက်စုံသုံးလို့ရတဲ့ facial mist လေးသာ ဆောင်ထားပါ။

အသားအရေချောမွေ့စေခြင်း

ကိုယ့်အသားအရေက ခြောက်နေတယ်၊ နီနေတယ်ဆိုရင် facial mist သုံးပါ။ အသားခြောက်လာတယ်လို့ ခံစားရတိုင်း ထုတ်ဖြန်းလို့ရပါတယ်။ သူက moisture boost လုပ်ပေးလို့ အသားအရေစိုပြည်စေပါတယ်။ ဒါကြောင့် dry skin တွေဆိုရင် မရှိမဖြစ် ဆောင်ထားသင့်ပါတယ်။