ကိုယ့်လောက် မချောတဲ့၊ သိပ်ကြည့်မကောင်းတဲ့ သူတွေနဲ့ တွဲခြင်းက အကျိုးကျေးဇူး အများအပြား ပေးနိုင်ပါတယ်။ ကျောင်းတက်တဲ့အရွယ်မှာတော့ မိန်းကလေး အများစုရဲ့ အိပ်မက်က အတန်းထဲက အချောဆုံးကောင်လေးရဲ့ အချစ်ကို ပိုင်ဆိုင်ဖို့ ဖြစ်လေ့ရှိပါတယ်။ ဒါပေမဲ့ အသက်အရွယ် တစ်ခု ရလာတဲ့အခါမှာတော့ လူအများစုဟာ ပြင်ပ ရုပ်အသွင်အပြင်ထက် ကိုယ့်ကို စိတ်ချမ်းသာစေမယ့်၊ ဂရုစိုက်နားလည်ပေးတဲ့ ချစ်သူကို ပိုမျှော်လင့်တတ်ကြပါတယ်။ ဒီတစ်ခေါက်မှာတော့ ကိုယ့်လောက် ကြည့်မကောင်းတဲ့သူနဲ့ တွဲခြင်းကြောင့် ပိုပျော်ရွှင်နိုင်စေမယ့် အကြောင်းအရင်းတွေကို ဖော်ပြလိုက်ပါတယ်။

၁။ သူတို့ကို ချဉ်းကပ်ရတာ ပိုလွယ်တယ်

အမျိုးသားတွေက အင်မတန် လှတဲ့မိန်းကလေးတွေကို တွေ့ရင် ရှိန်သွားတတ်ကြပါတယ်။ အမျိုးသမီးတွေအဖို့တော့ ရုပ်ချောတဲ့ ကောင်လေးတစ်ယောက်ကို ပိုင်ဆိုင်နိုင်ဖို့၊ သူ့အတွက် ကိုယ်က သာမန် မိန်းကလေး တစ်ဦးမဟုတ်ကြောင်းပြဖို့ Plan တွေ ဆွဲပြီး စီမံရတတ်ပါတယ်။ အရမ်းချောတဲ့သူတစ်ယောက်ကို မြင်ရင် ချဉ်းကပ်ဖို့က လွယ်ပါ့မလားဆိုတဲ့ အတွေးကို လူတိုင်း တွေးမိတတ်ကြပါတယ်။ ဒါပေမဲ့ သိပ်မချောတဲ့သူတွေနဲ့ဆိုရင်တော့ ဒီလိုမဟုတ်တော့ပါဘူး။

၂။ သင့်ကို ပိုပျော်ရွှင်စေတယ်

သိပ်ကြည့်မကောင်းတဲ့သူတွေဟာ သူတို့ရဲ့ ဘဝကို ချစ်မေတ္တာ၊ တန်ဖိုးထားခြင်းတွေနဲ့ တည်ဆောက်ထားတတ်ကြပါတယ်။ သူတို့က သင့်ကို ပြုံးလာအောင် ဖန်တီးနိုင်ကြသလို သူတို့အတွက်တော့ သင်က လူတစ်သန်းထဲက တစ်ယောက်ပါပဲ။

၃။ သင့်အတွက် ဖိအားသိပ်မများဘူး

လေ့လာမှုတွေအရ ကြည့်ကောင်းတဲ့ အမျိုးသားတွေနဲ့ လက်ထပ်ထားတဲ့ အမျိုးသမီးတွေဟာ Eating disorder ကို ရဖို့ အခွင့်အလမ်းပိုများပါတယ်တဲ့။ ဒီအမျိုးသမီးတွေဟာ ရုပ်ချောတဲ့ ခင်ပွန်းသည် အမျိုးသားလို ကြည့်ကောင်းနိုင်ဖို့ အစားလျှော့တတ်ကြပြီး နည်းနည်းလေး တစ်ခုခု မှားလိုက်တာနဲ့ ဝိတ်တက်လာမယ်၊ မလှတော့မှာ ကြောက်တတ်တယ်လို့ ရင်ဖွင့်ထားကြပါတယ်။

၄။ သိပ်မချောတဲ့ အမျိုးသားတွေဟာ အိမ်မှုကိစ္စတွေကို လုပ်ပေးတယ်

သိပ်ကြည့်မကောင်းတဲ့ အမျိုးသားတွေဟာ သူတို့ရဲ့ ကြင်နာမှုကို အိမ်မှုကိစ္စလေးတွေ ဝိုင်းကူပေးရင်း ပြသတတ်ကြပါတယ်။ ဒါ့အပြင် လက်ဆောင်လည်း ပိုပေးတတ်ကြပါတယ်တဲ့။

၅။ သူတို့က အချစ်ရေးကို တန်ဖိုးထားတယ်

ဆွဲဆောင်မှု ရှိတဲ့သူတွေမှာက မချောတဲ့သူတွေထက် ရွေးချယ်စရာတွေ အများအပြား ရှိတတ်ပါတယ်။ စိတ်ပညာရှင်တစ်ဦးရဲ့ အဆိုအရ မချောတဲ့ သူတွေဟာ ဖောက်ပြန်ဖို့၊ ကြူဖို့ သိပ်မတွေးတတ်ကြပါဘူးတဲ့။ သူတို့အတွက်က များသောအားဖြင့် ကိုယ်တန်ဖိုးထားပြီး တစ်ဘဝလုံးစာ တွဲသွားမယ်ဆိုတဲ့ ရည်ရွယ်ချက်ပဲ ရှိတတ်ကြပါတယ်။

Source: Brightside

By MyStyle Myanmar