ကော်ဖီနဲ့ လက်ဖက်ရည်က ကမ္ဘာအနှံ့ လူကြိုက်များတဲ့ ဖျော်ရည်တွေပါ။ မနက်ပိုင်းမှာတော့ လူအများစုဟာ ကော်ဖီထက် လက်ဖက်ရည်ကို ပိုသောက်ကြပါတယ်။ တချို့တွေကျတော့ ကော်ဖီကိုပဲ အသောက်များတတ်ကြပါတယ်။ ဒီတစ်ခေါက်မှာတော့ မနက်ပိုင်းမှာ လက်ဖက်ရည်ထက် ကော်ဖီကို သောက်သင့်တဲ့ အကြောင်းပြချက်တွေကို ဖော်ပြထားပါတယ်။
၁။ ကော်ဖီသောက်ထားတဲ့အချိန် အားကစားလုပ်လို့ကောင်းတယ်
သင်က မနက်စောစောထပြီး လေ့ကျင့်ခန်း လုပ်တတ်သူဆိုရင်တော့ ကော်ဖီက သင်နဲ့ သင့်တော်ပါတယ်။ ကော်ဖီမှာပါတဲ့ ကဖင်းဓာတ်က လှုပ်ရှားမှုကို ပိုကောင်းစေပြီး လေ့ကျင့်ခန်း လုပ်တဲ့အချိန် မောပန်းခြင်းကို လျှော့ချပေးပါတယ်။
၂။ ကော်ဖီက အာရုံစူးစိုက်မှု ပိုကောင်းစေတယ်
သင်က စာမေးပွဲအတွက် ဒါမှမဟုတ် အလုပ်တာဝန် တစ်ခုခုကို အာရုံစိုက်ပြီး လုပ်ချင်လား။ ဒါဆိုရင်တော့ ကော်ဖီက သင့်တော်ပါတယ်။ ကော်ဖီမှာ ပါတဲ့ ကဖင်းဓာတ်ကြောင့် အမြဲနိုးကြားနေစေပြီး အလုပ်အပေါ် အာရုံစိုက်နိုင်ဖို့ ပိုအားပေးပါတယ်။
၃။ ချက်ချင်းလန်းစေတယ်
လက်ဖက်ရည်မှာက ကဖင်းနဲ့ L-theanine ဓာတ်ပါဝင်ပါတယ်။ Theanine ဓာတ်က သင့်ကို အနားယူတဲ့ နေရာမှာ ကူညီပေးကာ ကဖင်းကတော့ အာရုံကြောတွေကို လှုံ့ဆော်ပေးပြီး မောပန်းတာ လျော့ကျစေပါတယ်။ ကဖင်းဓာတ်က သောက်ပြီး ၁၅ မိနစ် ကြာတာနဲ့ အာနိသင်ပြပါတယ်။ ဒီတော့ ကဖင်းဓာတ်ပိုပါတဲ့ ကော်ဖီက သင့်ကို အားအင်တွေ ချက်ချင်း ပေးနိုင်မှာပါ။
၄။ ကော်ဖီက ဝိတ်ကျစေတယ်
ကော်ဖီသောက်ခြင်းက အဆီကျခြင်းနဲ့ ဆက်စပ်နေတယ်လို့ လေ့လာချက်တွေက ဆိုထားပါတယ်။ အထူးသဖြင့် အမျိုးသားတွေမှာပါ။ ပိန်ဖို့ စဉ်းစားနေသူတွေဆိုရင် လက်ဖက်ရည်ထက် ကော်ဖီကို ပိုသုံးဆောင်သင့်ပါတယ်။
၅။ ဆီးချိုဖြစ်နိုင်ချေကို လျှော့ချပေးတယ်
ကဖင်းဓာတ်က ဆီးချိုဖြစ်နိုင်ချေကို လျှော့ချပေးတယ်လို့ လေ့လာချက်တွေမှာ ဖော်ပြထားပါတယ်။ တစ်နေ့မှာ ကော်ဖီ ၃ ခွက်သောက်တာက ရောဂါဖြစ်နိုင်ချေ ၄၂ ရာခိုင်နှုန်းထိ လျှော့ချပေးပါတယ်။ ကော်ဖီက ဆီးချိုရောဂါ Type II ဖြစ်နိုင်ချေကိုလည်း လျော့စေပါတယ်။
ဘယ်ဟာရွေးရမလဲ ဝေခွဲမရဖြစ်နေလား
သင်က လက်ဖက်ရည်ကို ပိုကြိုက်တဲ့သူဆိုရင် ကော်ဖီ ပြောင်းသုံးဖို့ စဉ်းစားနေလောက်ပါပြီ။ ဒါပေမယ့် ပြောင်းစရာမလိုပါဘူး။ လက်ဖက်ရည်မှာလည်း ကောင်းကျိုး အများအပြား ရှိပါတယ်။ တစ်ခု ချွင်းချက်ရှိတာက ကော်ဖီကိုလည်း ကော်ဖီစေ့ အစစ် ဖြစ်သင့်သလို လက်ဖက်ရည်ကလည်း နို့မများ၊ သကြားမများလွန်းတာမျိုး ဖြစ်သင့်ပါတယ်။ ဘယ်ဟာသောက်သင့်လဲ သက်ဆိုင်ရာ ဆရာဝန်၊ ကျွမ်းကျင်သူနဲ့ တိုင်ပင်သင့်ပါတယ်။
Source: Brightside.me
By MyStyle Myanmar