ကျွန်မတို့ အိမ်ထောင်ပြုတဲ့အချိန်မှာ ဘဝရဲ့ ဖူးစာရှင်အစစ်အမှန်ကို တွေ့ပြီလို့ ထင်တတ်ကြပါတယ်။ ဒါပေမဲ့ ဝမ်းနည်းဖို့ကောင်းတာက အိမ်ထောင်ရေး ၄ ခုမှာ တစ်ခုကတော့ ကွာရှင်းမှုနဲ့ ပုံမှန်ရင်ဆိုင်ရလေ့ရှိပါတယ်။ ဇာတ်ကားတွေထဲကလို “Happily Ever After” “တစ်သက်လုံး ပျော်ရွှင်စွာနေသွားကြလေသတည်း” ဆိုတဲ့ အခန်းကဏ္ဍက ပျက်ယွင်းသွားတတ်ပါတယ်။

ဒါကြောင့် အိမ်ထောင်တစ်ခု ဒါမှမဟုတ် အချစ်ရေးတစ်ခုမှာ အဆင်မပြေလည်း ကြိတ်မှိတ်နေပြီး ခံစားနေတာထက် ကွာရှင်းပြတ်စဲတာက ဘာကြောင့်ပိုကောင်းတာလဲ အကြောင်းပြချက် ၇ ချက်နဲ့ ပြောပြလိုပါတယ်။

၁။ ကွာရှင်းပြတ်စဲလိုက်တာက ကိုယ့်ဘဝရဲ့ ဖူးစာရှင်အစစ်အမှန်ကို တွေ့ဖို့ အခွင့်အရေးပါပဲ

သင်က သူနဲ့အဆင်မပြေတာသိရက်နဲ့ အရှက်တကွဲဖြစ်ဖို့ ကြောက်ပြီး တင်းခံနေတာက သူ့အတွက်ရော သင့်အတွက်ပါ မကောင်းပါဘူး။ ဒီလုပ်ရပ်က သင့်ဘဝရဲ့ အစစ်အမှန်ကို တွေ့ဖို့ အချိန်ဆွဲထားခြင်းဖြစ်ပါတယ်။ သူ့အတွက်လည်း အဲ့လိုပါပဲ။

လမ်းခွဲပြီးနောက်မှာတော့ သင့်ရဲ့ အချစ်တံခါးအသစ်က တဖန်ပြန်ပွင့်သွားပါပြီ။ လေ့လာမှုတွေမှာတော့ နောက်တစ်အိမ်ထောင် တည်ထောင်သူတွေဟာ ကွာရှင်းနိုင်ချေနည်းပါတယ်တဲ့။ ဒါကြောင့်လမ်းခွဲလိုက်ခြင်းဟာ သင်ရော သူ့အတွက်ပါ မှန်ကန်တဲ့လုပ်ရပ်ပါ။ နှစ်ယောက်လုံးအတွက် ဆက်တွဲဖို့ အဆင်မပြေတော့ရင်ပေါ့။

၂။ လမ်းခွဲလိုက်တာက သင့်ဘဝတိုးတက်မှုအတွက် အချိန်ပေးလိုက်သလိုပါပဲ

အဆင်မပြေတဲ့ အချစ်ရေးမှာ အချိန်ကြာရှည်စွာ ကုတ်တွယ်နေခြင်းက သင့်စိတ်ကို ပိုနာကျင်စေပါတယ်။ သင့်ကိုယ်သင် စပြီး ဆုံးရှုံးလာရပါလိမ့်မယ်။

မသာယာတဲ့ အိမ်ထောင်ရေးက သင့်အတွက် အကျိုးရှိတဲ့ အလုပ်တွေ သင့်ဘဝတိုးတက်ရေးတွေနဲ့ ဝေးရာကို ခေါ်ဆောင်သွားတတ်ပါတယ်။ လမ်းခွဲပြီးနောက်မှာတော့ သင့်ရဲ့ စိတ်ခွန်အားအကုန်လုံးကို အချစ်ရေးထဲ ပုံအပ်ခြင်းမရှိတော့ပါဘူး။ သင့်ဘဝအတွက် အရေးပါတာတွေ ပိုလုပ်ဆောင်လာစေပါတယ်။

၃။ သင်ပိုပျော်လာပါလိမ့်မယ်

Source: Pinterest

အဆင်မပြေတဲ့ အိမ်ထောင်ရေးတစ်ခုကနေ လွတ်မြောက်တဲ့အချိန်မှာ သင်ပျော်ရွှင်လာပါလိမ့်မယ်။ ဘဝက အဆင်မပြေမှုတွေနဲ့ အချိန်ဖြုန်းဖို့ရာ တိုတောင်းလွန်းလှပါတယ်။ သင့်အချစ်ရေးက သင့်ကို မပျော်ရွှင်စေဘူးဆိုရင် လက်လွှတ်ရမယ့်အချိန်ရောက်ပါပြီ။

ကွာရှင်းခြင်းက သင့်အတွက် ပထမမှာတော့ ထိတ်လန့်စရာပါပဲ။ နောက်ပိုင်းမှာတော့ ပြီးခဲ့တဲ့ အချစ်ရေးထက် ပိုကောင်းမွန်တဲ့အချစ်တစ်ခုကို ပိုင်ဆိုင်လာပါလိမ့်မယ်။ သုတေသနလေ့လာမှုတစ်ခုမှာ လမ်းခွဲပြီးနောက် အမျိုးသားနဲ့ အမျိုးသမီးတွေဟာ ပိုပျော်ရွှင်လာကြပါတယ်တဲ့။ သူတို့ဘဝကို ပိုကျေနပ်မှုရှိလို့ ပိုပျော်လာရကြောင်း ဖော်ပြထားပါတယ်။

၄။ ကျန်းမာရေးပိုကောင်းလာပါတယ်

အဆိပ်သင့်တဲ့အချစ်ရေးတစ်ခုက သင့်ကျန်းမာရေးကို အထောက်အကူမပြုဘူးဆိုတာတော့ သင်လက်ခံမှာပါ။

သင်ဟာ သူနဲ့အဆင်မပြေတာများလာတာနဲ့အမျှ နှလုံးရောဂါ၊ ကင်ဆာရောဂါ၊ ဆီးချိုနဲ့ ခုခံအားနည်းတဲ့ ရောဂါလက္ခဏာတွေခံစားရဖို့ အလားအလာများပါတယ်။ ဒါ့အပြင် မပျော်ရွှင်တဲ့ အိမ်ထောင်ရေးကြောင့် ထိရှဒဏ်ရာဖြစ်လာရင်လည်း အနာကျက်နှုန်း ၄၀ ရာခိုင်နှုန်း ပိုနှေးကြောင်း သိရှိရပါတယ်။

၅။ သင်အရင်ကထက် ပိုကြည့်ကောင်းလာပါလိမ့်မယ်

သင်က ကွာရှင်းပြတ်စဲပြီးနောက် အလှအပဂရုမစိုက်ခဲ့ရင်တောင် သင့်ပုံစံပြောင်းလဲလာတာ သတိထားမိလာပါလိမ့်မယ်။ အဆင်မပြေတဲ့ အချစ်ရေးကနေ ရုန်းထွက်လိုက်တာက သင့်ကို ပိုနေလို့ကောင်းစေသလို ပို အသက်ဝင်စေပါတယ်။ အတွင်းစိတ်က ပိုကောင်းမွန်လာတာကြောင့် ပြင်ပအသွင်ပုံစံကလည်း ပိုကြည့်ကောင်းလာပါတယ်။

သင်ကိုယ်တိုင်ကလည်း ကွာရှင်းပြီးနောက် သင့်ကိုယ်သင် ပိုဂရုစိုက်လာပါတယ်။ အားကစားအရင်ကထက် လုပ်လာတယ်။ အင်္ကျီအသစ်တွေ ဝယ်ဖြစ်တယ်။ မိတ်ကပ်လိမ်းတာတွေ အရင်ကထက် ပိုလှအောင်လိမ်းဖြစ်လာတယ်။ ဒီပြောင်းလဲမှုတွေကပဲ သင့်ကို ယုံကြည်မှုပိုတိုးစေပြီး ပိုကြည့်ကောင်းလာစေတာပါ။

ကိုးရီးယားမင်းသားမင်းသမီးတွေကို ချစ်တဲ့ပရိတ်သတ်တိုင်းအတွက် စိတ်မကောင်းစရာသတင်းတစ်ခုရှိခဲ့ပါတယ်။ ဒါကတော့ Song-Song Couple ကွာရှင်းပြတ်စဲတဲ့သတင်းပါ။ ဒီသတင်းက သူတို့ကို ချစ်တဲ့ပရိတ်သတ်တွေအတွက် တကယ်စိတ်မကောင်းစရာပါ။ ဒါပေမဲ့ သူတို့နှစ်ယောက်ဟာ ကွာရှင်းဖို့အတွက် လုံလောက်တဲ့အကြောင်းပြချက်တွေ ပြည့်စုံခဲ့လို့ လမ်းခွဲခဲ့ကြတာပါ။ ဒီနည်းလမ်းက သူတို့နှစ်ယောက်အတွက် ပိုကောင်းမွန်တဲ့နည်းလမ်းဖြစ်လို့ ရွေးချယ်ခဲ့ကြတာဖြစ်နိုင်ပါတယ်။

Source: Pinterest

လမ်းခွဲခြင်းက နာကျင်ပေမယ့် အဆိပ်သင့်တဲ့အချစ်ရေးတစ်ခုဖြစ်ခဲ့ရင်တော့ ဒီကနေ အမြန်ဆုံးရုန်းထွက်တာ အကောင်းဆုံးဆိုတာ အပေါ်က အချက်တွေက သက်သေပြနေခဲ့ပါတယ်။

Source: Brightside.me

By MyStyle Myanmar