Single ဖြစ်နေတဲ့သူတွေအတွက် အထီးကျန်ပြီး စိတ်ဓာတ်ကျနေတာမျိုးမဖြစ်ရအောင် Single Life က Relationship ဖြစ်ရတာထက်ပိုကောင်းတဲ့ အကြောင်းအရင်း ၅ ခုကို ပြောပြပေးလိုက်ပါတယ်။

ကိုယ့်ကိုယ်ကိုပိုကောင်းအောင်လုပ်နိုင်လာခြင်း

Single Life နဲ့နေရင်း ကိုယ့်ကိုယ်ကိုပိုချစ်လာပါလိမ့်မယ်။ အရင်ထက်ပိုတန်ဖိုးထားတတ်လာပြီး ကိုယ့်ကိုယ်ကို အကောင်းဆုံးတွေဖြစ်အောင်၊ အရင်ထက်ပိုကောင်းလာအောင်၊ လှလာအောင်၊ အောင်မြင်လာအောင် လုပ်ချင်စိတ်တွေ ဖြစ်လာမယ်။ တကယ်လည်းဖြစ်အောင် လုပ်နိုင်လာပါလိမ့်မယ်။

ရှာသမျှငွေအကုန်ကိုယ့်အတွက်ပဲဖြစ်လာခြင်း

Single ဖြစ်နေတဲ့အတွက် ကိုယ်ရှာသမျှငွေ အကုန်လုံးက ကိုယ့်အတွက်ချည်းပဲ ကိုယ့်စိတ်ကြိုက် သုံးနိုင်ပါမယ်။ Relationship နဲ့ဆိုရင် ရည်းစားကိုဝယ်ပေးချင်တာနဲ့ ရည်းစားနဲ့တွေ့လို့ သုံးဖြုန်းမှာနဲ့ ငွေပိုထွက်ပါတယ်။ Single Life မှာတော့ အဲ့လိုကုန်စရာဘာမှမရှိတာက အားသာချက်တစ်ခုပါပဲ။

အလုပ်နဲ့ပတ်သက်ပြီးပိုအောင်မြင်လာခြင်း

ဘယ်သူ့အပေါ်မှာမှ ဖက်တွယ်တဲ့စိတ်တွေမရှိတဲ့အတွက် ကိုယ့်အောင်မြင်မှုကို ပိုပြီးအာရုံစိုက်နိုင်ပါတယ်။ ဘယ်လိုတွေအောင်မြင်အောင် လုပ်ရမလဲ၊ ဒီထက်ပိုအဆင်ပြေအောင်၊ ပိုတိုးတက်အောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့စိတ်တွေပဲ ရှိနေမှာဖြစ်လို့ အလုပ်နဲ့ပတ်သက်ပြီး ပိုအောင်မြင်လာပါတယ်။

ကိုယ့်စိတ်တိုင်းကျ Date လို့ရခြင်း

Single Life မှာ အကောင်းဆုံးကတော့ ချုပ်ချယ်တားဆီပိတ်ပင်မှုတွေ ဘာမှမရှိပဲ ကိုယ်သွားချင်တဲ့နေရာကို အေးဆေးသွားလို့ရမယ်၊ ကိုယ်တွေ့ချင်တဲ့သူ Date ချင်တဲ့သူနဲ့ စိတ်ကြိုက် Date လို့ရပါမယ်။

စိုးရိမ်ပူပန်မှုတွေမရှိခြင်း

Single Life မှာ စိတ်ချမ်းသာရတာကတော့ ဘာစိုးရိမ်ပူပန်မှုမှမရှိပါပဲ။ ရည်းစားရှိနေရင် စိုးရိမ်ပူပန်ရမယ်၊ သဝန်တိုရမယ်၊ စိတ်တိုစရာ၊ နာကျင်ဝမ်းနည်းစရာတွေလည်း ရှိနေမှာပါ။ ဒါကြောင့် စိတ်အပင်ပန်းမခံနိုင်ရင်၊ အာရုံနောက်မခံနိုင်ရင် တစ်ယောက်ထဲသာ အေးအေးဆေးဆေးနေတာက အကောင်းဆုံးပါပဲ။