စာဖတ်သူတိုင်း ဈေဝယ်ထွက်ဖြစ်ကြမယ်ထင်ပါတယ်နော်။ တစ်ခုခုလိုချင်လို့ ရှာတာပဲဖြစ်ဖြစ် ဘာမှမဝယ်ဖြစ်ဘဲအပြင်းပြေ Window Shopping ထွက်တာပဲဖြစ်ဖြစ် ကျန်းမာရေးအတွက်ရော တခြား အကျိုးကျေးဇူးတွေရော များစွာရှိနေပါတယ်။ အဲဒီအကျိုးကျေးဇူးတွေကို မျှဝေပေးချင်ပါတယ်။

လေ့ကျင့်ခန်းလုပ်ပြီးသားဖြစ်တယ်။

ရှော့ပင်ထွက်ပြီဆိုရင် တစ်ဆိုင်ဝင်တစ်ဆိုင်ထွက်နဲ့ လျှောက်သွားနေတာ ခြေထောက်ညောင်းလို့ညောင်းမှန်းတောင်မသိဘူးနော်။ တကူးတက လေ့ကျင့်ခန်းလုပ်ဖို့ လမ်းလျှောက်စရာမလိုဘဲ သဘာဝအတိုင်း လမ်းလျှောက်ပြီးသားဖြစ်လို့ ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်။

သင်္ချာလေ့ကျင့်ပြီးသားဖြစ်မယ်။

ကိုယ်ဝယ်လာတဲ့ ပစ္စည်းတွေရဲ့ ဈေးနှုန်းကို ပြန်ပေါင်းမိကြလားမသိဘူးနော်။ ဒီလိုမဟုတ်ဘူးဆိုရင်တော့ ဈေးဝယ်တဲ့အခါ ဒါကဘယ်လောက် ဒါကဘယ်လောက် ဘယ်လောက်ထိကျနိုင်တယ်ဆိုပြီး ကိုယ့်မှာပါလာတဲ့ ဝင်ငွေနဲ့ ချိန်ကိုက်တွက်ပြီးသားဖြစ်လို့ သင်္ချာ လေ့ကျင့်ပြီးသားဖြစ်နေပါတယ်။

ဦးနှောက်အတွက်လည်းကောင်းမွန်တယ်။

ဦးနှောက်လေ့ကျင့်ခန်းလုပ်ပြီးသားသလိုဖြစ်သွားပါတယ်။ ဒီအစားအစာဆို ဘာလေးနဲ့တွဲစားမယ်။ ဒါဝယ်ပြီးရင်ဘာဝယ်မယ်။ ဒီအင်္ကျ ီဆို ဘာလေးနဲ့ တွဲဝတ်မယ်။ စသဖြင့် တွေးရင်း မှတ်ရင်းနဲ့ ဈေးဝယ်တတ်လို့ ဦးနှောက်ကို လေ့ကျင့်ပြီးသားဖြစ်သွားပါတယ်။ ဒါ့ကြောင့် ဦးနှောက်အတွက်လည်း ကောင်းမွန်ပါတယ်။

စိတ်ဖိစီးမှုပြေပျောက်စေတယ်။

စိတ်ညစ်စရာရှိလို့ ရှော့ပင်ထွက်ဖူးလားရှင့်။ ရှော့ပင်ထွက်လိုက်တဲ့အခါ ကိုယ်လိုချင်တဲ့ပစ္စည်းတွေဝယ်လိုက်လို့ စိတ်ကျေနပ်မှုတစ်ခုဖြစ်စေပြီး စိတ်ဖိစီးမှုကို ပြေပျောက်စေပါတယ်တဲ့။ လျှော့ဈေးပေးနေတဲ့ပစ္စည်းတွေ များများရှိရင် တန်လိုက်တာဆိုပြီး စိတ်ကျေနပ်စေလို့ စိတ်ညစ်စရာတွေ လွှင့်ပျယ်သွားမှာပါ။

ပေါင်းသင်းဆက်ဆံရေးအတွက်ကောင်းမွန်တယ်။

ဈေးဝယ်ထွက်ရင်းနဲ့ လူတွေနဲ့တွေ့ဆုံပြီး ခင်သွားမင်သွားတာတွေလည်းရှိပါတယ်။ တခါတလေ ကိုယ့်သူငယ်ချင်း၊ အိမ်နီးနားချင်းတွေ ဆရာဆရာမတွေနဲ့ တွေ့ဆုံရတတ်တဲ့နေရာလေးလည်းဖြစ်ပြီး သူတို့နဲ့ ခင်မင်မှုတွေ ပိုတိုးစေတဲ့နေရာလေးတစ်ခုပါပဲ။

Featured Image Source: freepik