ယောကျာ်းလေးတွေအနေနဲ့ အရွယ်ရောက်လာရင် အနည်းဆုံး ကိုယ့်ခြေထောက်ပေါ် ကိုယ် ရပ်တည်နိုင်တဲ့ အရည်အချင်း ရှိသင့်ပါတယ်။ ဒီလိုမှ ကိုယ်တာဝန်ယူမယ့် အိမ်ထောင်တစ်ခုမှာ မားမားမတ်မတ် ဦးဆောင်နိုင်မှာပါ။ အမေကို ချစ်တာက ကိစ္စမရှိပေမယ့် အသက်အရွယ်တစ်ခု ရလာတဲ့အထိ အမေနားက မခွာနိုင်၊ အမေကိုပဲ အားကိုးတဲ့ သားလေးတွေကို ချစ်သူတော်ထားရရင်တော့ သင့်အနေနဲ့ သတိထားသင့်ပါတယ်။ ဘာလို့လဲဆိုတာ ကြည့်လိုက်ရအောင်-

၁။ ထိန်းချုပ်တတ်တယ်

Photo Source: Women’s Health

Momma boy တွေကို မတွဲသင့်တဲ့ အချက်တွေထဲက တစ်ခုကတော့ သူတို့က ကိုယ်တွဲတဲ့သူကို ထိန်းချုပ်တတ်တာပါ။ ဘာလို့လဲဆိုတော့ အမေနဲ့ပဲ နေရတဲ့ ယောကျာ်းလေး အများစုက ထိန်းချုပ်တတ်ကြပါတယ်။ အမေကိုပဲ အားကိုးတတ်တဲ့ သူတို့က ချစ်သူနဲ့ ဆိုရင်တော့ ဘာမလုပ်ရဘူး၊ ဘာမဝတ်ရဘူး စသဖြင့် ထိန်းချုပ်တဲ့ ဘက်သွားပါတယ်။

၂။ မရင့်ကျက်ဘူး

Photo Source: Insider

Momma boy အများစုက အိမ်မှာ ကလေးလိုပဲ ဆက်ဆံခံရတာကြောင့် ကလေးစိတ်က မပျောက်ချင်ကြပါဘူး။ ရင့်ကျက်မှုပိုင်းနဲ့ ပတ်သက်ရင် ဒီလို ကောင်လေးတွေက Level နိမ့်တာမို့ ဂရုစိုက်သင့်ပါတယ်။

၃။ နေထိုင်မှု ပြဿနာ

Photo Source: Conscious Rethink

သင်က Momma Boy နဲ့သာ အိမ်ထောင်တစ်ခု တည်ထောင်မယ်ဆိုရင် သူက တစ်သက်လုံး အမေအိမ်မှာပဲ နေဖို့ အစီအစဉ် ရှိမှာပါ။ သင့်အနေနဲ့ ကြာလာရင် ဒါတွေကို စိတ်ပျက်လာနိုင်ချေ ရှိပါတယ်။

၄။ သဝန်တိုတတ်တယ်

Photo Source: Chicago Reader

သူကသာ မိန်းကလေးတွေနဲ့ ပြောရင် ပြောမယ်။ သင်က ယောကျာ်းလေးတွေနဲ့ ပြောပြီ ဆိုရင်တော့ မကြိုက်ကြတော့ပါဘူး။ သူမပါတဲ့ နေရာတွေဆို သင့်ကို မလွှတ်ချင်ပါဘူး။ သူ့ကိုပဲ အာရုံစိုက်စေချင်ပြီး သူနဲ့မှ မဟုတ်ရင် ဘယ်သူနဲ့ ဆက်ဆံပါစေ မကြိုက်တတ်ကြပါဘူး။

၅​။ သင်က ပြိုင်ပွဲဝင်ရသလို ဖြစ်နေမယ်

Photo Source: Showbiz Cheat Sheet

သင်က သူ့အမေနဲ့ ပြိုင်ပွဲဝင်ရသလို ဖြစ်နေပါလိမ့်မယ်။ တစ်ခုခုဆိုရင် ကိုယ့်ကို ရွေးပါ့မလားလို့ စိုးရိမ်နေရလေ့ရှိပြီး မိခင် ဖြစ်သူ အများစုကလည်း သူ့သားကို သူနဲ့ ဝေးရာခေါ်သွားမယ့် သင့်ကို မကြိုက်ချင်ကြပါဘူး။ ဒါကြောင့် သင်က သူနဲ့ ပြိုင်နေရသလို ဖြစ်ပါလိမ့်မယ်။

By MyStyle Myanmar