အထူးသဖြင့် မိန်းကလေးတိုင်းရဲ့ဆံသားအတွက် ကြက်သွန်နီနဲ့ ပုံမှန် Hair Care လုပ်ပေးသင့်တဲ့ အကြောင်းအရင်း ၅ ခုကို ပြောပြပေးလိုက်ပါတယ်။ ကြက်သွန်နီကို အရည်ရအောင်ညှစ်ချပြီး ရလာတဲ့အရည်ကို ဆံသားနဲ့ဦးရေပြားမှာ ခေါင်းမလျှော်ခင် နာရီဝက်လောက် လိမ်းထားပေးရတာမျိုး ဖြစ်ပါတယ်။ ဒီနည်းလမ်းနဲ့ Hair Care လုပ်ပေးခြင်းက ဆံသားအတွက် ဘယ်လိုကောင်းကျိုးတွေ ရစေလဲဆိုတာကိုပါ ကြည့်လိုက်ရအောင်။

ဆံသားကျိုးပဲ့မှုလျော့ကျစေခြင်း

ကြက်သွန်နီမှာက Sulfur ပါဝင်လို့ ဆံသားကျိုးကြေတာ၊ ဆံသားကျိုးပဲ့ပျက်စီးတာတွေ မဖြစ်အောင် ကြိုတင်ကာကွယ်ပေးပြီး ဖြစ်နေတာတွေရှိရင်လည်း လျော့ကျစေပါတယ်။ ဆံပင်ပါးတဲ့သူတွေဆိုရင်လည်း ဆံပင်အုံထူပြီး ဆံပင်သန်လာစေတယ်။ Sulfur က Collagen ထုတ်လုပ်မှုအားကောင်းစေပြီး ဆံသားကျန်းမာစေတယ်။ ဦးရေပြား သွေးလည်ပတ်မှု ကောင်းမွန်စေပါတယ်။

ရောဂါကူးစက်မှုတွေမဖြစ်စေခြင်း

ကြက်သွန်နီက ဦးရေပြားမှိုစွဲတာမျိုးတွေလိုမျိုး ရောဂါကူးစက်မှုတွေ မဖြစ်အောင်လည်း ကြိုတင်ကာကွယ်ပေးနိုင်ပါတယ်။ ဦးရေပြားပျက်စီးခြင်းမှလည်း ကာကွယ်ပေးပြီး ဗောက်လည်းသက်သာစေပါတယ်။

ဦးရေပြားယားယံတာသက်သာစေခြင်း

ကြက်သွန်နီမှာက Anti-inflammatory Properties တွေပါဝင်လို့ ဦးရေပြားယားယံတာ၊ ဦးရေပြားခြောက်သွေ့တာတွေကိုလည်း သက်သာစေပါတယ်။

ဆံပင်ဖြူခြင်းမှကာကွယ်ပေးခြင်း

ကြက်သွန်နီက ဆံပင်မြန်မြန်မဖြူအောင်လည်း ကာကွယ်ပေးသလို၊ ဆံပင်ဖြူပေါက်တာနှေးစေပါတယ်။ ဆံသား နက်မှောင်စေပါတယ်။

ဆံသားတောက်ပြောင်စေခြင်း

ကြက်သွန်နီက ဆံသားတောက်ပြောင်စေပြီး ဆံသားလှစေပါတယ်။ ဆံပင်လည်းအရှည်မြန်စေပါတယ်။