အချိန်ကြာကြာ ရည်းစားမရှိပဲ တစ်ယောက်ထဲနေနေတာဆိုရင်တော့ Single မဟုတ်ပဲ FA ဖြစ်သွားပါပြီ။ လာကြိုက်မယ့်သူ မရှိတာမဟုတ်ပဲ သင့်စိတ်ကြောင့် အချိန်ကြာကြာ FA ဖြစ်နေရတယ်ဆိုတာက ဒီအချက် ၅ ချက်နဲ့တင် သိသာပါတယ်။

ဘယ်သူ့ကိုမှစိတ်တိုင်းမကျခြင်း

ဘယ်လောက်ပဲ ကောင်းတဲ့သူဖြစ်နေပါစေ စိတ်တိုင်းမကျဘူး၊ ကိုယ့်အတွက် မပြည့်စုံဘူးလို့ ထင်နေတယ်။ ဘယ်သူ့ကိုမှ စိတ်တိုင်းမကျဖြစ်နေပြီး ရည်စားလည်း မထားဖြစ်တော့ပဲ Single ဖြစ်နေတာက သင့်စိတ်ကြောင့်ပါပဲ။

အာရုံနောက်မခံနိုင်ခြင်း

FA တော်တော်များများက အာရုံနောက်မခံနိုင်လို့ ရည်းစားမထားတော့ပဲ တစ်ယောက်ထဲနေနေကြတာပါ။ တချို့ကျတော့ ပြဿနာတွေမဖြေရှင်းချင်ဘူး၊ စိတ်ရှုပ်မခံချင်ဘူး၊ အာရုံနောက်တာတွေ မကြိုက်ဘူးဆိုပြီး ရည်းစားမထားတော့ပဲ ဒီတိုင်းလေး Chat ရင်းနဲ့ပဲ အချိန်ကုန်သွားကြတာတွေပါ။

လွတ်လပ်မှုကိုပဲခုံမင်ခြင်း

တချို့ကျတော့ ရည်းစားထားရင် ချုပ်ချယ်ခံရမယ်၊ မလုပ်ရတာတွေ၊ ဆင်ခြင်ရမှာတွေရှိတယ်၊ ဒါကြောင့်မို့ တစ်ယောက်ထဲပဲ လွတ်လွတ်လပ်လပ်နေအုံးမယ်၊ တစ်ယောက်ထဲနေရတာ၊ လွတ်လပ်နေရတာကိုပဲ ကြိုက်တယ်ဆိုပြီး ရည်းစားမထားတော့ပဲ FA ဖြစ်သွားကြတာပါ။

မယုံကြည်ခြင်း

တချို့ကျတော့လည်း အတိတ်မှာကြုံတွေခဲ့တဲ့ ကိစ္စတွေကြောင့် အချစ်ရေးနဲ့ပတ်သက်လာရင် လူတွေကို မယုံကြည်တော့တာ၊ တစ်ခုခုဆို သံသယတွေနဲ့ မယုံကြည်နိုင်တာတွေကြောင့်လည်း အတွေးတွေလွန်ပြီး ရည်းစားထားတဲ့ဆီကို မရောက်ကြတော့ပါဘူး။

Relationship အတွက် အချိန်မပေးနိုင်ခြင်း

ကိုယ်တိုင်က relationship အတွက် အချိန်မပေးနိုင်ရင်လည်း ရည်းစားထားဖြစ်တဲ့ဆီကို ရောက်မှာမဟုတ်ပါဘူး။ တချို့ကျတော့လည်း ရည်းစားထားဖို့ အချိန်မရှိလောက်အောင် အလုပ်များနေလို့ တစ်ယောက်ထဲပဲဖြတ်သန်းရင်း FA ဖြစ်သွားကြတာပါ။ တချို့ကျတော့လည်း drama တွေကြည့်လိုက်၊ game ဆော့လိုက်၊ idols တွေကိုကြူးလိုက်၊ စာလုပ်လိုက်၊ သူငယ်ချင်းတွေနဲ့ ပျော်ပါးလိုက်နဲ့ relationship အတွက်တောင် အချိန်မရှိတော့ပါဘူး။