Halitosis ဒါမှမဟုတ် ခံတွင်းနံ့ဆိုးခြင်းက ကမ္ဘာပေါ်က လူလေးယောက်အနက် တစ်ယောက်ကို ပုံမှန်သက်ရောက်လေ့ရှိပါတယ်။ ခံတွင်းဆိုးတာ မဖြစ်ဖို့ သင့်ခံတွင်းကျန်းမာရေးကို ဂရုစိုက်ဖို့ လိုအပ်ပြီး ရေဓာတ်ပြည့်ဝအောင် ထားသင့်ပါတယ်။ မဟုတ်ရင် မလိုလားအပ်တဲ့ အခြေအနေတွေနဲ့ စ်ိတ်သောကဖြစ်ခြင်းတွေ ဖြစ်နိုင်ပါတယ်။ သဘာဝ ကုထုံးတွေကို သုံးနိုင်ပေမယ့် ဆက်ဖြစ်နေဦးမယ်ဆိုရင် သွားဆရာဝန်နဲ့ တိုင်ပင်ပြသဖို့ လိုပါတယ်။ ဒီတစ်ခေါက်မှာတော့ ခံတွင်းနံ့ဆိုးရခြင်း အကြောင်းအရင်းတွေနဲ့ ဒါကို ဘယ်လိုဖြေရှင်းနိုင်မလဲ ဖော်ပြလိုက်ပါတယ်။

၁။ Tonsil Stone တွေကို ဖယ်ရှားပါ

Tonsil Stone တွေက သင့် အာသီး (Tonsil) ပေါ်မှာ ရှိတဲ့အဖြူရောင် အသီးလေးတွေ ဖြစ်ပါတယ်။ ဒီအသီးတွေက အထဲဝင်နေတာကြောင့် မမြင်နိုင်ပါဘူး။ ဒီ Tonsil Stone တွေက ဘတ်တီးရီးယားတွေကို ဆွဲဆောင်နိုင်ပြီး အနံ့ဆိုး ဖြစ်စေပါတယ်။ ဒီ Stone တွေကို သဘာဝနည်းနဲ့ ဖြေရှင်းနိုင်ပါတယ်။ အဖတ်မပါတဲ့ Mouthwash, ပန်းသီးရှာလကာရည်နဲ့ ပလုတ်ကျင်းတာ၊ ဆားရေနွေးနွေးလေးနဲ့ ပလုတ်ကျင်းတာတွေ ပြုလုပ်နိုင်ပါတယ်။

၂။ မနက်စာ မစားဘဲ မနေပါနဲ့

မနက်စာက တစ်နေ့တာ တာဝန်တွေကို ဆောင်ရွက်ဖို့ အရေးအပါဆုံး အစားအသောက် ဖြစ်ပါတယ်။ လေ့လာမှုတွေအရ မနက်စာမစားတဲ့ ကျောင်းသားတွေက မနက်စာ စားသူတွေထက် ခံတွင်းနံ့ဆိုးတယ်လို့ ဆိုထားပါတယ်။ သကြားပါဝင်မှုနည်းတဲ့ မနက်စာတွေ ဖြစ်တဲ့ ဆလပ်ရွက်၊ ပန်းသီး၊ ဒိန်ချဉ်၊ နွားနို့နဲ့ အမျှင်ဓာတ် ကြွယ်ဝတဲ့ အစားအသောက်တွေကို စားပေးသင့်ပါတယ်။

၃။ နှာခေါင်းနဲ့ အသက်ရှူပါ

ပါးစပ်နဲ့ အသက်ရှူတာက အနံ့ဆိုးပိုဖြစ်စေပါတယ်။ ဘာကြောင့်လဲဆိုတော့ ပါးစပ်ထဲမှာ တံတွေးကို ထိန်းထားရလို့ပါ။ ဒါကြောင့် နှာခေါင်းနဲ့ အသက်ရှူပေးသင့်ပါတယ်။ ဒါ့အပြင် ပါးစပ်နဲ့ အသက်ရှူတာက တခြားဆိုးကျိုးတွေ ရှိနိုင်ပါတယ်။ ရေစီးကမ်းပြိုလိုက်တာ၊ စိတ်ဖိစီးမှု ဖြစ်စေတာ၊ မေးရိုးသေးစေတာ စတာတွေပါ။

၄။ ပြင်းတဲ့ အစားအသောက်တွေကို စားပြီးရင် ရေသောက်ပါ

အရသာပြင်းတဲ့ အစားအသောက်တွေက ခံတွင်းနံ့ပို ပြင်းစေပါတယ်။ ဘာလို့လဲဆိုတော့ ဒီအစားအသောက်က ထွက်တဲ့ ဓာတုပစ္စည်းတွေက သွေးစီးကြောင်းက တဆင့် အဆုတ်ထဲ ဝင်ကာ ခံတွင်းနံ့ ထွက်လာစေပါတယ်။ ဒါအတွက် ဖြေရှင်းနည်းတွေကတော့-

အစပ်များတာ စားပြီးရင် သကြားမပါတဲ့ ပီကယ်စားသင့်ပါတယ်။
ကော်ဖီသောက်ပြီးရင် ရေပါသောက်ပေးသင့်ပါတယ်။ တူနာနဲ့ ငါးတွေကို မစားခင် ဒီထဲ သံပယိုရည် ဖြန်းသင့်ပါတယ်။

၅။ သွားကို Floss လုပ်ပေးပါ

Plaque ပြဿနာအတွက် ဆရာဝန်နဲ့ ပုံမှန် ပြပေးတာကလည်း နည်းလမ်းကောင်းတစ်ခုပါပဲ။ ဒါပေမဲ့ စားပြီးသောက်ပြီးရင် ဘတ်တီးရီးယားက ပြန်ဝင်တာပါပဲ။ ဒါကြောင့် ခံတွင်းနံ့ဆိုးတာ သက်သာဖို့ Floss ပုံမှန်လုပ်ပေးသင့်ပါတယ်။ Mouth Rinse လုပ်တာကလည်း ဘတ်တီးရီးယားတွေကို ပါသွားစေပါတယ်။

Source: Brightside