သင်က စိုးရိမ်စိတ်များလွန်းတဲ့ မိန်းကလေးတစ်ယောက်လား။ စိုးရိမ်တာ၊ စိတ်ပူတာက မကောင်းမှန်း သိပေမယ့် သင်က ဒါကို ပြန်မပြင်နိုင်ဖြစ်နေပြီလား။ ဒါဆိုရင်တော့ဒီအကြောင်းအရာက သင့်အတွက်ပါပဲ။ ကျွန်မတို့ဟာ ဖြစ်မလာသေးတဲ့ကိစ္စအတွက် တွေးပူနေတတ်ပြီး အတွေးလွန်တတ်ကြပါတယ်။ ဒီလိုလွန်တာကိုလည်း မထိန်းချုပ်နိုင်ဖြစ်တတ်ပါတယ်။ ဒါကြောင့် စိုးရိမ်တတ်တဲ့ သင့်အတွက် အသင့်တော်ဆုံး စာစုတွေကတော့-

၁။ အရာအားလုံး ပြိုကွဲပျက်စီးသွားတယ်ဆိုတာ တစ်ခါတလေ သူ့နေရာသူ အံဝင်ခွင်ကျဖြစ်သွားတာပါ။


၂။ အမြဲတမ်း အစီအစဉ်ချနေစရာမလိုပါဘူး။ တစ်ခါတလေ အသက်ပုံမှန်ရှူ..ဖြစ်လာမယ်လို့ ယုံကြည်ထား.. လက်လွှတ်စရာရှိတာကို လက်လွှတ်ပြီး ဘာဖြစ်လာမလဲ စောင့်ကြည့်နေဖို့ပဲ လိုအပ်တာပါ။


၃။ သင့်ကိုယ်သင် အကြောင်းအရာအမှားကြီး ပေါ်ရောက်နေတယ်လို့ ခံစားရရင်.. ဆက်မလုပ်ပါနဲ့တော့။


၄။ ပျော်ရွှင်မှုရဲ့ လျှို့ဝှက်ချက်က ဖြစ်သင့်တယ်လို့ တွေးနေမယ့်အစား ဖြစ်လာတဲ့အခြေအနေကို ဖြစ်ပါစေလို့ ခွင့်ပြုထားခြင်းပါပဲ။


၅။ ဘာတွေလွဲသွားမလဲ ဆိုပြီး စိတ်မပူပါနဲ့။ ဘာတွေအဆင်ပြေမလဲဆိုတာကိုပဲ တွေးပြီး ရင်ခုန်တတ်ပါစေ။

Source: Allwomenstalk.com

By MyStyle Myanmar