မင်္ဂလာပါ ပျိုမေတို့ရေ။ အချို့ယောဂလေ့ကျင့်ခန်းတွေက လမ်းလျှောက်စက်ပေါ်ပြေးတာထက် ကယ်လိုရီပိုလောင်ကျွမ်းပြီး ဝိတ်ကျစေတာကို ပျိုမေတို့ သိထားပြီးပြီလား။ ယောဂလေ့ကျင့်ခန်းလုပ်တာက စိတ်ဖိစီးမှုလည်းပြေသလို ခန္ဓာကိုယ်ပါ ပျော့ပြောင်းပြီး ကျစ်လျစ်စေတာမို့ အချို့က ခုန်ပေါက်ရတဲ့ Cardio တွထက် သူ့ကိုပိုပြီးရွေးချယ်လာကြတာပါ။ ပျိုမေတို့ထဲမှာလည်း ဒီလိုယောဂလုပ်ရင်း ဝိတ်ချဖို့ စဉ်းစားနေသူတွေအတွက် ဒီတစ်ခေါက်မှာ ပြေးတာထက် ဝိတ်ပိုကျတဲ့ ယောဂ Pose (၅) မျိုးအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

၁။ Plank Pose

Photo Source: yogapractice.com

ဒိုက်ထိုးသလို Plank ထောက်ပေးရမှာဖြစ်ပြီး ခန္ဓာကိုယ်ကို တစ်တန်းတည်းဖြစ်အောင် အာရုံစိုက်ရမယ့် Pose ဖစ်ပါတယ်။ စလုပ်တာနဲ့ ခန္ဓာကိုယ်ရှေ့ဘက်ကုန်းပြီး လက်ထောက်ကာ ခေါင်းနဲ့လည်ပင်းကို အောက်မငုံ့ဘဲ တန်းနေအောင်ထားပါ။ ပုခုံးတွေဖွင့်ထားပြီး ပုခုံးကနေ ခြေထောက်အထိ အဖြောင့်အတိုင်းတန်းနေအောင် ထောက်ထားရပါမယ်။ ဒီ Pose အတိုင်း စက္ကန့် ၃၀ လောက်ထောင့်ထားပေးပါ။

၂။ Side Plank Pose

ခန္ဓာကိုယ်တစ်ခြမ်းစောင်းကာ ခြေထောက်နဲ့လက်တစ်ဖက် အားပြုထောက်ထားပြီး ကျန်တဲ့လက်တစ်ဖက်ကို လေပေါ်မြှောက်ပေးရမှာပါ။ တတ်နိုင်သလောက် ခန္ဓာကိုယ်မကွေးအောင် မ ထားပြီး စက္ကန့် ၃၀ လောက်နေပေးရပါမယ်။ နောက်တစ်ဖက်ကိုလည်း ဒီပုံအတိုင်း ဘက်ပြောင်းပြီးလုပ်ပေးရမှာဖြစ်ပါတယ်။

၃။ Dolphin Pose

V ဇောက်ထိုးပုံစံ ခန္ဓာကိုယ်ကို ကုန်းကာ လက်နှစ်ဖက်ကို ကြမ်းပြင်မှာထောက်ထားပါ။ တစ်ကိုယ်လုံးက အကြောတွေပြေလျှော့စေမယ့် ဒီ Pose ကိုတော့ ပုံထဲကအတိုင်း ဒူးမကွေးဘဲ ထောက်ထားကာ စက္ကန့် ၃၀ အနည်းဆုံး နေပေးဖို့လိုပါတယ်။

၄။ Headstand

Photo Source: POPSUGAR

ဒီယောဂပုံစံက လုပ်ရခက်တာမို့ အခုမှလုပ်မယ့် Beginner တွေအတွက်တော့ သေချာလေ့ကျင့်ပြီးမှ လုပ်လို့ရပါမယ်။ ပုံထဲကလို လက်နဲ့ ခေါင်းကို အောက်မှာထောက်ထားကာ ခန္ဓာကိုယ်ဟန်ချက်နိုင်အောင်ထိန်းပြီး ကိုယ်အောက်ပိုင်းတစ်ခုလုံးကို အဖြောင့်အတိုင်းမတ်ကာ အပေါ်မြှောက်ပေးရမှာပါ။ Balance ထိန်းရလွယ်အောင် နံရံနားကပ်ပြီး လုပ်ပေးရင် ပိုကောင်းပါတယ်။ အသက်၀၀ရှုကာ တောင့်ထားနိုင်သလောက် တစ်မိနစ်နီးပါးအထိ ထောက်ထားနိုင်ပါတယ်။

၅။ Warrior Pose

Photo Source: karmagroup.com

ဒီ Pose အတွက်ကတော့ ခြေထောက်တွေကို Parallel ပုံစံ ကားကာ ရှေ့ခြေထောက်ကို ၉၀ ဒီဂရီ ဒူးကွေးပြီး ကျန်တဲ့တစ်ဖက်ကို နောက်ပစ်ထားပါ။ လက်နှစ်ဖက်လုံးကိုလည်း တန်းနေအောင် အပေါ်မြှောက်ထားရပါမယ်။ ဒီပုံအတိုင်း ၁၅ ကနေ ၃၀ စက္ကန့်ကြား နေပေးပြီး နောက်တစ်ဖက်ကိုပါ ပြောင်းလုပ်ပေးရမှာဖြစ်ပါတယ်။ လက်မောင်းနဲ့ ပေါင်တစ်လျှောက်က အဆီတွေလောင်ကျွမ်းပြီး ကျစ်လျစ်လာစေမှာပါ။

Photo Source: Healthshots

By MyStyle Myanmar