ကိုယ့်မျက်တောင်လေးတွေနဲ့ ပတ်သက်ပြီး ဂရုမစိုက်မိရင်၊ အမှားတွေလုပ်မိရင် မျက်တောင်ကျွတ်တာမျိုးတွေ ဖြစ်လာတတ်ပါတယ်။ မျက်တောင်လေးတွေက ကျွတ်သွားပြီးရင် ပြန်ရှည်ဖို့ အချိန်ကြာပါတယ်။ ဒါကြောင့် မျက်တောင်တွေကျွတ်လာပြီဆိုရင် ကိုယ်ဘာတွေလုပ်မိလဲဆိုတာကို စဉ်းစားကြည့်ပါ။ မျက်တောင်တွေ ပုံမှန်ထက်ပိုပြီး ကျွတ်လာရခြင်းရဲ့ အဓိကအကြောင်းအရင်းက ဒီ ၅ ခုကြောင့် ဖြစ်တာများပါတယ်။

လက်နဲ့ပွတ်ခြင်း

မျက်လုံးကို လက်နဲ့အရမ်းပွတ်ရင် ချက်ချင်းကို မျက်တောင်တွေ ကျွတ်ထွက်လာတာ တွေ့ရမှာပါ။ ခဏခဏပွတ်မိရင် မျက်တွေကျွတ်တာက သိသာလာပါတယ်။ မျက်တောင်တွေကျွတ်ရင် ပြန်ရှည်ဖို့အရမ်းကြာတာကြောင့် ခဏခဏမျက်လုံးကို ပွတ်တာမျိုး မလုပ်ပါနဲ့။

Waterproof Mascara သုံးခြင်း

Waterproof mascara တွေကိုသုံးရင် ဖျက်ရခက်တဲ့အတွက် မျက်တောင်ပျက်စီးတာမျိုးတွေ အနည်းနဲ့အများတော့ ဖြစ်ပါတယ်။ ဒါကြောင့် သုံးပြီးရင် cleansing oil, cleansing balm, eye remover စတာတွေနဲ့ ဖျက်ပေးရပါတယ်။ Waterproof mascara တွေသုံးပြီး ကြမ်းကြမ်းတမ်းတမ်း ပွတ်ဖျက်ရင် မျက်တောင်တွေကျွတ်ထွက်ကုန်ပါတယ်။ ဒါကြောင့် သေချာသတိထားဖို့လိုပါတယ်။

Eye Remover မသုံးခြင်း

Eyeliner တွေဆိုး၊ eyeshadow တွေခြယ်၊ mascara တွေသုံးပြီး eye remover နဲ့ သေချာဖျက်ပေးပါ။ သေချာမဖျက်ပဲ မျက်နှာသစ်ဆေးနဲ့ တန်းသစ်တာမျိုးတွေလုပ်ရင် မျက်တောင်တွေပျက်စီးပြီး ကျွတ်ထွက်ကုန်ပါလိမ့်မယ်။ Remover သုံးပေမယ့် mascara တွေ သေချာပြောင်အောင် မဖျက်ရင်လည်း မျက်တောင်တွေ ကျွတ်တတ်ပါတယ်။

Expired ဖြစ်နေတာတွေသုံးခြင်း

Expired ဖြစ်နေတဲ့ eye products တွေဖြစ်တဲ့ mascara, eyeliner စတာတွေကို သုံးမိရင်လည်း မျက်တောင်တွေပျက်စီးပြီး ကျွတ်တာမျိုး၊ မျက်စိစပ်တာမျိုးတွေ ဖြစ်ပါတယ်။

မျက်တောင်တုတပ်ခြင်း

မျက်တောင်တုက အမြဲတမ်ရင် ကော်ကြောင့် မျက်တောင်လေးတွေပျက်စီးပြီး ကျွတ်တတ်ပါတယ်။ ဒါကြောင့် တစ်ခါတစ်လေမှတပ်တာမျိုး၊ ပွဲတွေရှိလို့ ပြင်ဆင်ရမှ တပ်တာမျိုးက ပိုကောင်းပါတယ်။ ကျန်တဲ့အချိန်မှာ ဒီတိုင်းလေးပဲ mascara နဲ့ မျက်တောင်ရှည်တောင် လုပ်လို့ရပါတယ်။ ကော်သားမကောင်းရင် မျက်တောင်တုဆွဲဖြုတ်တာနဲ့တင် မျက်တောင်တွေ ကျွတ်ပါလာတတ်ပါတယ်။ ဒါကြောင့် မျက်တောင်တုတပ်တာကိုလည်း ဆင်ခြင်သင့်ပါတယ်။