သင်က Highlight တစ်ဘူး ဝယ်ထားပြီး နေရာ စုံအောင် မသုံးတတ်သေးရင်တော့ Highlight ဝယ်ရကျိုးမနပ်သေးပါဘူး။ မိတ်ကပ်လိမ်းလေ့ ရှိတဲ့ ပျိုမေတိုင်း Highlight တစ်ဘူးကို ပိုင်ဆိုင်ထားသင့်ပါတယ်။ Highlight ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ မျက်နှာရဲ့ အဓိက ပေါ်လွင်ပြီး တောက်ပစေချင်တဲ့ အပိုင်းကို ဖြည့်ပေးနိုင်ဖို့ပါ။ ဒီတော့ Highlight ကို ဘယ်နေရာတွေမှာ သုံးလို့ရမလဲ ကြည့်လိုက်ရအောင်နော်-

၁။ ပါးရိုးပေါ်မှာ

မျက်နှာကို Glow Look လေး ပိုင်ဆိုင်ဖို့ Highlight ကို ပါးရိုးပေါ် သုံးသင့်ပါတယ်။ သဘာဝဆန်ဆန် လင်းလင်းလေးနဲ့ သင့်ကို ကြည့်ကောင်းစေမှာပါ။

၂။ မျက်ခုံးအောက်မှာ

သင့်မျက်ခုံးဆွဲတာကို ပိုထင်းသွားဖို့ Highlight အလင်းလေး ထည့်ပေးသင့်ပါတယ်။ ဒီလို ထည့်ပေးလိုက်တာကြောင့် မျက်ခုံး Shape ကို ပိုပေါ်သွားစေပါတယ်။

၃။ နှာတံနဲ့ နှာခေါင်းထိပ်

နှာရိုးနဲ့ နှာထိပ်ပေါ်မှာ Highlight ကို သုံးပေးသင့်ပါတယ်။ ဒီလိုသုံးပေးတာကြောင့် နှာတံ ပိုပေါ်သွားစေပါတယ်။

၄။ မျက်လုံးအတွင်း ထောင့်ဘက်

မျက်လုံးအတွင်း ထောင့်ဘက် Highlight ထည့်လိုက်တဲ့အခါ ပိုငယ်တဲ့ ပုံစံ ပေါ်စေပါတယ်။ ဒီ Look ကို ကိုးရီးယားစတိုင် မိတ်ကပ်လိမ်းနည်းတွေမှာ တွေ့ရများပါတယ်။

၅။ နှုတ်ခမ်းထိပ်

Photo Source: 303 Magazine

Highlight ကို နှုတ်ခမ်းထိပ်မှာ လိမ်းပေးနိုင်ပါတယ်။ ဒီလို လိမ်းပေးတာကြောင့် နှုတ်ခမ်းထိပ်လေးကို ပုံပေါ်သွားစေပါတယ်။

သင့်အနေနဲ့ Highlight ကို ဘယ်နေရာတွေမှာ သုံးလေ့ရှိလဲ ပြောပြခဲ့ပါဦး။

Photo Source: Pinterest

By MyStyle Myanmar