သင်က ဂျင်းဘောင်းဘီ ဝတ်ရတာ သဘောကျတယ်ဆိုရင် ဒီအကြောင်းအရာက သင့်အတွက်ပါပဲ။ Jean မှာမှ စတိုင်အမျိုးမျိုး ရှိပါသေးတယ်။ အကျပ်လား၊ အပွလား၊ ဒဲ့ပွလား စသဖြင့် ရွေးချယ်စရာတွေ ရှိပါတယ်။ အခုဖော်ပြထားတဲ့ ဂျင်းဘောင်းဘီ အမျိုးအစားတွေကတော့ စတိုင်ကျချင်တဲ့ ပျိုမေတိုင်း ပိုင်ဆိုင်ထားသင့်တဲ့ အရာတွေပဲ ဖြစ်ပါတယ်။ ကြည့်လိုက်ရအောင်နော်-
၁။ Mom Jeans

Mom Jeans ကိုမှ ခါးအရှည်ပုံစံ (ချက်ဖုံး) နဲ့ ဂျင်း အရောင်ဖျော့ဖျော့လေး ရွေးသင့်ပါတယ်။ ဂျင်းအရောင်အဖျော့က အဝတ်အစားတိုင်းနဲ့ လိုက်ဖက်ပါတယ်။
၂။ Straight Leg Jeans
တစ်ဖြောင့်တည်း သွားတဲ့ ဒဲ့ပွ ဂျင်းအရောင်ရင့်ကလည်း ပျိုမေတိုင်း ပိုင်ဆိုင်ထားသင့်တဲ့ ဘောင်းဘီတစ်မျိုးပါ။ ဒီ ဂျင်းပုံစံက သင့်ကို ပေါ့ပါးစေပြီး နေ့တိုင်း ဝတ်ဖို့ အဆင်ပြေစေပါတယ်။
၃။ Skinny Jeans
ဘောင်းဘီအကျပ်က သင့်ခန္ဓာကိုယ်အလှ ကောက်ကြောင်းကို ပေါ်လွင်စေပြီး ဆွဲရဆန့်ရ လွယ်ပါတယ်။ ဘောင်းဘီအကျပ်တစ်ထည်ကိုလည်း ပျိုမေတို့ ပိုင်ဆိုင်ထားသင့်ပါတယ်။
၄။ Black Jeans
အနက်ရောင် ဂျင်းဘောင်းဘီက သင့်ကို အရပ်ပိုရှည်တယ်လို့ ထင်ရစေပါတယ်။ မော်ဒယ်တစ်ယောက်လို Slay နေစေမှာလည်း Black Jeans ပါပဲ။
၅။ White Jeans
အဖြူရောင် ဂျင်းက အစွန်းအထင်း မခံပေမယ့် နွေရာသီနဲ့ လိုက်ဖက်တဲ့ ဘောင်းဘီပါ။ အရောင်ဖျော့တာကြောင့် အပူစုတ်တာ သက်သာစေပါတယ်။ အဖြူရောင် ဂျင်းဘောင်းဘီကို နွေရာသီနဲ့ သာမက ဆောင်းရာသီနဲ့ပါ ဆွယ်တာနဲ့ အတူ စတိုင်ကျကျ ဝတ်နိုင်ပါသေးတယ်။
Photo Source: Pinterest
By MyStyle Myanmar







